Connect with us

Videos

တောင်သူများအား ဆင်းရဲတွင်းမှ လွတ်ကင်းစေခဲ့သည့် ဖန်လုံအိမ်စိုက်ပျိုးခြင်း

တိဗက်၊ ဩဂုတ် ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တိဗက်ဒေသရှိ ဘန်ဘာကောင်တီတွင် လွန်ခဲ့သည့်နှစ်ပေါင်းများစွာကတည်းက ကြမ်းတမ်းသည့်မြေပြင်အနေအထားနှင့် သယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် ဟင်းသီးဟင်းရွက်များမှာ ဈေးနှုန်းမြင့်မားခဲ့သည်။သို့ရာတွင် ဖန်လုံအိမ် စိုက်ပျိုးခြင်းစနစ်ကိုအကောင်အထည်ဖော်နိုင်ခဲ့ပြီးနောက် ဒေသခံများအတွက် ဟင်းသီးဟင်းရွက်များနှင့် အသီးအနှံများကောင်းမွန်စွာထွက်ရှိပြီး တောင်သူများလည်း ဝင်ငွေတိုးကာဆင်းရဲတွင်းမှ ကင်းလွတ်ခဲ့ကြသည်။

ယခင်က ကြမ်းတမ်းသည့်ဒေသအနေအထားနှင့်ပို့ဆောင်ရေးအခက်အခဲများကြောင့်ဟင်းသီးဟင်းရွက်များမှာ ရှားပါးပြီးဈေးနှုန်းမြင့်မားခဲ့သည်။ ထို့ကြောင့် ဆင်းရဲသောဒေသခံများ၏ နေ့စဉ်ကုန်ကျစရိတ်မှာမြင့်မားပြီး ကျန်းမာရေး လည်း ထိခိုက်ခဲ့ကြသည်။ ၂၀၁၀ ပြည့်နှစ်တွင် ထိုပြဿနာများကို ဖြေရှင်းရန် ဒေသအစိုးရက ဟင်းသီးဟင်းရွက် များ အား ဖန်လုံအိမ်စိုက်ပျိုးနည်းစနစ်ဖြင့်စိုက်ပျိုးရန် စတင်ခဲ့သည်။ ဟင်းသီးဟင်းရွက်စိုက်ပျိုးရေးကျွမ်းကျင် ပညာရှင်များသမဝါယမ ကိုဖွဲ့စည်းခဲ့ပြီး အတွေ့အကြုံရှိသည့် တောင်သူများကိုဖိတ်ခေါ်ကာ ဟင်းသီးဟင်းရွက်များကို ဦးဆောင်စိုက်ပျိုးစေခဲ့ပြီး နည်းပညာများကိုမျှဝေစေခဲ့သည်။ ဆင်းရဲသည့်ဒေသခံများလည်း ထိုအစီအစဉ်တွင် ပါဝင် ခဲ့ကြသည်။ 

ဘန်ဘာကောင်တီ ရှိ အသီးအနှံစက်မှုဥယျာဉ် မှ Tsul Trim ဆိုသူက “ ကျွန်တော် အခု ငရုတ်ပွစိမ်း၊ ဖရဲသီး၊တရုတ် ဂေါ်ဖီထုပ် နှင့် မုန်ညှင်းတို့ကိုဖန်လုံအိမ်ထဲ မှာ စိုက်ပျိုးတာပါ အခုဆိုရင်ကျွန်တော်ကနှစ်စဉ် ဝင်ငွေ ယွမ် ၁၃,၀၀၀ အမေရိကန် (ဒေါ်လာ ၁၈၀၀ ခန့်) ကနေ ယွမ် ၁၅,၀၀၀ အမေရိကန်(ဒေါ်လာ ၂၁၀၀) ခန့်  ရရှိနေပြီးတော့ ဝင်ငွေကလည်း တဖြည်းဖြည်းတိုးတက်လာပါတယ်” ဟုဆိုသည်။ 

လက်ရှိတွင် ကောင်တီအတွင်း ဖန်လုံအိမ်အလုံးပေါင်း ၁၈၀ ကျော် ဆောက်လုပ်ရန် ဒေါ်လာ ၄.၅သန်းခန့် ကို ရင်းနှီး မြှုပ်နှံခဲ့ပြီးဖြစ်သည်။ ထိုမှ နှစ်စဉ် ဟင်းသီးဟင်းရွက်နှင့် အသီးအနှံပေါင်းတန် ၃၈၀ ကျော် ထွက်ရှိပြီးနောက် ဝင်ငွေ ၄၄၂,၈၀၀ ဒေါ်လာခန့်ရရှိပြီဖြစ်သည်။

ဘန်ဘာခရိုင်ရှိတာဝန်ရှိသူတစ်ဦးဖြစ်သည့် Losang Jinpa က “ သတ်မှတ်ထားတဲ့ဆင်းရဲမှုလျှော့ချရေးအစီအစဉ်အရ ကျွန်တော်တို့ခရိုင်မှာရှိတဲ့ အိမ်ထောင်စုပေါင်း ၃,၀၂၉ စု က ဒေသခံပေါင်း ၁၅,၁၁၀ ဦး ကို ဆင်းရဲတွင်းကနေ ဆွဲတင်နိုင်ခဲ့ပါပြီ၊ လက်ရှိမှာတော့  ကျွန်တော်တို့ခရိုင်မှာ ရှိတဲ့ ဆင်းရဲတယ်ဆိုတဲ့ အိမ်ထောင်စုတစ်ခုရဲ့ ဝင်ငွေဟာ၈,၂၀၀ ယွမ် (အမေရိကန်ဒေါ်လာ ၁၁၇၀ ) အထိ ရှိလာခဲ့ပါပြီ” ဟုပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.