Connect with us

Videos

သဘာဝ၏ အလှအပတစ်ခု ဖြစ်လာသည့် မွန်ဂိုဒေသရှိ စိမ်းစိုလှပသော မြက်ခင်းပြင်များ

မွန်ဂိုလီယား၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် လှပစိမ်းလန်းသည့် မြက်ခင်းပြင်အများစုကို တရုတ်နိုင်ငံမြောက်ပိုင်း အတွင်းမွန်ဂိုလီယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် တွေ့ရှိနိုင်ပါသည်။ ထိုအရပ်တွင် ပြာဖျော့ဖျော့ကောင်းကင်ပြင်အောက် အဆုံးမရှိသော အစိမ်းရောင်မြက်ခင်းပြင်ကျယ်ကြီးနှင့် ပနံရနေသည့် ရှုခင်းပုံရိပ်မှာ အလွန်လှပသည်ကို မြင်တွေ့နိုင်မည်ဖြစ်သည်။ အကျယ်အဝန်းအားဖြင့် စတုရန်းကီလိုမီတာပေါင်း ၈,၀၀၀ ကျော်ရှိသည့် မြက်ခင်းစိမ်းကြီးတွင် စိမ်းစိုနေသော စားကျက်မြေ၌ သိုးအုပ်နွားအုပ်များလည်းကျက်စားလေ့ရှိသည်။ ထိုဒေသတွင် လာရောက်လည်ပတ်သည့် ခရီးသွားများအတွက် မွန်ဂိုဒေသ၏ ယဉ်ကျေးမှုနှင့် တိုင်းရင်းသားတို့၏ ဓလေ့ထုံးတမ်းကိုလေ့လာနိုင်သည့် အပန်းဖြေ ဥယျာဉ်လည်းရှိသည်။ ဒေသအတွင်းစိမ်းလန်းစိုပြည်မှုကိုထိန်းသိမ်းရန်အလို့ငှာ ဒေသအာဏာပိုင်များက စားကျက်မြေဧရိယာအတွင်း တိရစ္ဆာန်များအတွက် အစားအစာ မျှတမှုရှိစေမည့်အစီအမံများကိုလည်း ဆောင်ရွက်ထားရှိသည်။ မွန်ဂိုဒေသအတွင်း စိမ်းလန်းစိုပြည်ရေးကြိုးပမ်းအားထုတ်မှုစီမံကိန်းအဖြစ်  ၃ နှစ်အတွင်းမြေဧက ၃၃,၃၃၃ ဟက်တာကျော်ကို စိမ်းစိုလှပသည့် ဒေသအဖြစ် ပြောင်းလဲနိုင်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.