Connect with us

Videos

ကမ္ဘာ့အကြီးဆုံးလေဆိပ်တစ်ခုဖြစ်သည့် ဂျွန်အက်ဖ်ကနေဒီလေဆိပ်အတွင်း ပစ်ခတ်မှုဖြစ်ပွား

နယူးယောက် ၊ သြဂုတ် ၁၅ ရက်(ဆင်ဟွာ)
အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ဂျွန်အက်ဖ်ကနေဒီ(JFK) လေဆိပ် ၊ အမေရိကန်လေကြောင်း လိုင်းများ၏ ပြည်ပထွက်ခွါ စြင်္က အမှတ် (၈) တွင် သြဂုတ် ၁၄ ရက် ည ၉နာရီခွဲအချိန်ခန့်က သေနတ်ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ခြင်းကြောင့် လေယာဉ်ခရီးစဉ်အားလုံးကို ဆိုင်းငံ့ထားခဲ့ကြောင်း သိရသည်။
အရေးပေါ်ကားများလည်းလေဆိပ်အတွင်း အဆင်သင့်စောင့်ဆိုင်းနေခဲ့ကြပြီး ခရီးသည်များစွာလည်း လမ်းများပေါ်တွင်စောင့်ဆိုင်းနေခဲ့ကြသည်။ နယူးယောက်မြို့ရဲတပ်ဖွဲ့က လေယာဉ်ခရီးစဉ်အားလုံး ရပ်ဆိုင်းထားကြောင်းနှင့် အဝင်လေယာဉ်များကိုလည်း တခြားလေဆိပ်များတွင် ဆင်းသက် ကြဖို့လမ်းညွှန်ထားကြောင်းတွစ်တာလူမှုကွန်ယက်စာမျက်နှာကတဆင့် သတိပေးထားသည်။
ဂျွန်အက်ဖ်ကနေဒီ လေဆိပ်သည် ကမ္ဘာပေါ်တွင် လေကြောင်းလိုင်းများစွာ အားထား အသုံးပြုမှုအများဆုံး လေဆိပ်ကြီးတစ်ခုဖြစ်ပြီး ထိုပစ်ခတ်မှု နှင့် ပတ်သက်၍ စုံစမ်းမှုများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.