Connect with us

Videos

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ရေရှည်ငြိမ်းချမ်းရေးရရှိရန်အရေးကြီးဟုဆို

နေပြည်တော်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ)
ယနေ့ကျင်းပသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေးတွင် ၂၁ ရာစု ငြိမ်းချမ်းရေး ညီလာခံ အောင်မြင်ရေးအတွက် တစ်ယောက် နှင့် တစ်ယောက် အပြန်အလှန် ယုံကြည်မှု၊ ညီညွတ်မှုတို့ဖြင့် ဝိုင်းဝန်းကူညီကြရန် နိုင်ငံတော် ၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ကပြောကြားခဲ့သည်။
ထို့အပြင် မြန်မာနိုင်ငံတွင် ရေရှည် ငြိမ်းချမ်းရေး မရှိခြင်းသည် နိုင်ငံ စီးပွားရေးကို ပြိုလဲစေနိုင်သဖြင့် ဘုံသဘောတူညီချက်တစ်ခုဖြင့် ရေရှည် ငြိမ်းချမ်းရေး ရရန် အတူ ဆောင်ရွက်သွားကြရမှာ ဖြစ်ကြောင်း၊
မတူညီသော သဘောထားများကို ညှိနှိုင်းရန် အလွန် အရေးကြီးကြောင်း နှင့် နိုင်ငံသူ နိုင်ငံသားများ အားလုံးရဲ့ အကျိုးအတွက်ပူးပေါင်းလုပ်ဆောင်သွားကြရန် ယုံကြည်မျှော်လင့်ပါကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် က အထူးအလေးအနက်ထားပြောကြားခဲ့သည်။
ယနေ့ကျင်းပသည့်အစည်းအဝေးတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ၂၁ ရာစု ပင်လုံ ညီလာခံကို သြဂုတ်လ ၃၁ ရက်နေ့မှ စက်တင်ဘာလ ၄ ရက်နေ့အထိ ကျင်းပရန် အတည်ပြုခဲ့ကြောင်းသိရသည်။
(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.