Connect with us

Videos

ခေတ်သစ်ပိုးလမ်းမကြီးအစပျိုးဖော်ဆောင်မှုကို အတူတကွပူးပေါင်းဆောင်ရွက်လိုကြောင်းပြင်သစ်သမ္မတဆို

ရှီအန်း၊ ဇန်နဝါရီ ၉ ရက်(ဆင်ဟွာ)

ပြင်သစ်နိုင်ငံသမ္မတ အီမန်နျူရယ် မက်ခရွန် (Emmanuel Macron ) သည် တရုတ်နိုင်ငံ သို့ ခရီးစဉ်အဖြစ် ဇန်နဝါရီ ၈ရက်မှ ၁ဝ ရက်အထိ လာရောက်လည်ပတ်ခဲ့သည်။ ပြင်သစ်သမ္မတနှင့်ဇနီးတို့က ဇန်နဝါရီ ၈ရက်နေ့က ရှီအန်းသို့ရောက်ရှိလာခဲ့ ပြီး သူရဲကောင်းဗိမာန်ကိုသွားရောက်လည်ပတ်ခဲ့သည်။ ပြင်သစ်သမ္မတ မက်ခရွန်က တာ့မင်နန်းတော် အမျိုးသား အမွေအနှစ်ထိန်းသိမ်းရေးဥယျာဉ်တွင် မိန့်ခွန်းပြောကြားခဲ့သည်။ သမ္မတမက်ခရွန်က တရုတ်နိုင်ငံနှင့်ပြင်သစ်နိုင်ငံတို့မှာ ရာသီဥတုပြောင်းလဲမှှုတိုက်ဖျက်ရေးနှင့် အခြားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်သည့် ရှောင်လွှဲမရနိုင်သောမိတ်ဖက်များပင် ဖြစ်ပါကြောင်း ၊ ပြင်သစ်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံက အဆိုတင်သွင်းထားသည့် ခေတ်သစ်ပိုးလမ်းမကြီးအစပျိုးဖော်ဆောင်မှု ကို အတူတကွ ဆောင်ရွက်သွားလိုကြောင်းစသဖြင့်ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.