Connect with us

Videos

သက်တမ်း နှစ်ပေါင်း၂ဝဝဝ ရှိ တရုတ်ဘရိုကိတ်များတကျော့ပြန်ခေတ်စားလာ

ပေကျင်း၊ ဇန်နဝါရီ ၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံတွင် ရှေးယခင် က တော်ဝင်မျိုးနွယ်များအတွက် အထူးသီးသန့်ထုတ်လုပ်ခဲ့သော ဘရိုကိတ်အစများမှာ ယခုတစ်ဖန် ပြန်လည်ခေတ်စားလျက်ရှိပြီဖြစ်သည်။ စုန့်မင်းဆက်ကတည်းက အမြတ်တနိုးတန်ဖိုးထားရသည့်အဆိုပါ ဘရိုကိတ်တစ်ထည် ဖန်တီးရန်အတွက် အဆင့်ပေါင်း ၂ဝ ခန့်အဆင့်ဆင့်ရက်လုပ်ရခြင်းဖြစ်သည်။ ယခုခေတ်တွင်လည်း တရုတ်နိုင်ငံ အရှေ့ပိုင်းစူးကျိုးတွင် ရှေးခေတ်နည်းပညာများနှင့် ပေါင်းစပ်ကာ ဒီဇိုင်းသစ်များကိုဖန်တီးပြီး ဘရိုကိတ်များကိုတီထွင်ထုတ်လုပ်ကာ ဖက်ရှင် ဒီဇိုင်းအဖြစ်ပြန်လည်ခေတ်စားလာပြီဖြစ်ကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.