Connect with us

Videos

စစ်မှန်သောချစ်ခြင်းမေတ္တာနှင့်အတူ မသန်စွမ်း တရုတ်အဖိုးအဖွား ဇနီးမောင်နှံ၏ နေ့စဉ်ဘဝပုံရိပ်များ

နန်ချန်၊အောက်တိုဘာ၈ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၌ နားမကြားဝေဒနာရှင် အသက် ၇၄ နှစ်အရွယ် အဖိုးအို Xiong Jin’gen နှင့် ပိုလီယိုရောဂါဝေဒနာရှင် အသက် ၆၇ နှစ်အရွယ် မသန်းစွမ်းအဖွားအို Ye Wenjuan တို့သည် အကြင်လင်မယားဇနီးမောင်နှံအဖြစ်ပေါင်းသင်းနေထိုင်ခဲ့သည်မှာ ၃၇ နှစ်တိုင်ကြာမြင့်ခဲ့ပြီဖြစ်သည်။

၎င်းတို့နှစ်ဉီးသည် ရုပ်ပိုင်းဆိုင်ရာ မသန်စွမ်းဝေဒနာများ အသီးသီးခံစားနေရလင့်ကစား နေ့စဉ်ဘဝအခက်အခဲများကို ကျော်လွှားရန် အတူတကွလက်တွဲရုန်းကန်ခဲ့ကြသည်။

အဖိုးအို Xiong က ဇနီးမောင်နှံနှစ်ဉီးအတွက် စားသောက်ဖွယ်ရာများကို ချက်ပြုတ်ပြင်ဆင်ခြင်းနှင့် လျှော်ဖွတ်သိမ်းဆည်းခြင်းများကို တာဝန်ယူဆောင်ရွက်ပေးသလို အဖွားအို Ye က ပတ်ဝန်းကျင်နှင့်ပြောဆိုဆက်ဆံရမည့် ပြဿနာရပ်အားလုံးကို တာဝန်ယူ ဖြေရှင်းပေးရင်း ဘဝတစ်ခုကို အတူတကွ ဖြတ်သန်းလာခဲ့ကြသည်။

ချစ်သူဇနီးမောင်နှံနှစ်ဉီးသည် နက်ရှိုင်းသော အပြန်အလှန် နားလည်မှု နှင့် ယုံကြည်မှုကို တည်ဆောက်ရင်း တစ်ယောက်၏ လိုအပ်ချက်ကို ကျန်တစ်ယောက်က ဖြည့်ဆည်းပေးကာ တစ်ဉီးနှင့်တစ်ဉီးအပြန်အလှန် အမှီသဟဲပြုခဲ့ကြသည်။

၎င်းတို့နှစ်ဉီး၏ အကြီးမားဆုံးသော ဘဝအိမ်မက်မှာ မင်္ဂလာ သက် နှစ်၅၀ ပြည့်ရွှေရတု အထိမ်းအမှတ်ကို အတူတကွ ဖြတ်သန်းနိုင်ရန်ဖြစ်သည်။ “ ဒါဟာ မိသားစုတစ်ခုဖြစ်ဖို့ အပျော်ရွှင်ရဆုံး ကံတရားဆုလာဒ်ပဲပေါ့”ဟု Ye က ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.