Connect with us

Videos

ကားပုံစံငယ် စုဆောင်းသူ ဝါသနာရှင်များ ဆုံစည်းပွဲ နှင့် စုပေါင်း ပြပွဲ

ရန်ကုန် ၊ အောက်တိုဘာ ၈ ရက်(ဆင်ဟွာ)

ရန်ကုန်မြို့ တာမွေမြို့နယ် ဦးချစ်မောင်လမ်းရှိ Lexus hotel ၌ အောက်တိုဘာ၆ ရက်က ကျင်းပ ပြုလုပ်ခဲ့သည့်နိုင်ငံ တစ်ဝန်း ရှိ ကားပုံစံငယ် စုဆောင်းသူ ဝါသနာရှင်များ ဆုံစည်းပွဲ နှင့် စုပေါင်း ပြပွဲသို့ဆင်ဟွာသတင်းဌာနက သွားရောက် ရိုက်ကူး ခဲ့ပါသည်။ 

ကားပုံစံငယ် စုဆောင်းသူ ဝါသနာရှင်များ စုပေါင်း ပြသမှုကို မြန်မာ die-cast ကားဝါသနာရှင်များ(MDCH) အဖွဲ့၏ စီစဉ်မှုဖြင့် ၂၀၁၇ ခုနှစ်မှ စတင် ကျင်းပခဲ့ကြောင်း ၊ နိုင်ငံ တစ်ဝန်းရှိ ကားပုံစံငယ် အသေးစား ဖန်တီးသူ လက်မှုပညာရှင်များ နှင့် ဝါသနာရှင် စုဆောင်းသူများ ပါဝင် ပြသလာခဲ့ရာ ယခုနှစ်သည် သုံးကြိမ်မြောက် ဆုံစည်းပြသပွဲ ဖြစ်ကြောင်း သိရသည်။

ထိုသို့ ပြပွဲ ကျင်းပရခြင်းမှာ diecast ကားစုဆောင်းသူ ဝါသနာရှင်များ အားလုံး အတူတကွ ပါဝင်၍ ၎င်းတို့ စုဆောင်း ထားသည့် ကားပုံစံငယ်များအား ပြသနိုင်မည့် အခွင့်အရေး တစ်ခု အဖြစ် နှစ်စဉ် ဆုံဆည်းကြခြင်း ဖြစ်ကြောင်း ၊ ပြပွဲတွင် ဝါသနာရှင် စုဆောင်းသူ ၁၀၀ ဉီး ဝန်းကျင် ပါဝင်ခဲ့ကြောင်း သိရသည်။

ကားပုံစံငယ်များ စုပေါင်း ပြသမှုတွင် ကားပုံစံငယ်များမှာ Hot Wheels မှ ထရပ်ကားများ အထိ ပါဝင်ကြောင်း နှင့် die-cast ကားများ အပြင် သစ်သားဖြင့် ပြုလုပ်ထားသော ကားပုံစံငယ် လက်ရာများလည်း ပါဝင်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ကားပုံစံငယ်များနှင့် အရာဝတ္ထုပုံစံငယ်များအား စုဆောင်းသူ ဝါသနာရှင်များသည် အသက်အရွယ် အလွှာစုံ နီးပါး ပါဝင်ကြောင်း နှင့် ယခုအခါ ထိုသို့ စုဆောင်းမှုမှာ လူအများအကြား အလွန် ခေတ်စားသည့် ဝါသနာရပ် တစ်ခု ဖြစ်လာကြောင်း သိရသည်။ ယခုကျင်းပသည့် ကားပုံစံငယ် စုဆောင်းသူ ဝါသနာရှင်များ ဆုံစည်းပွဲ နှင့် စုပေါင်း ပြပွဲ ကို အောက်တိုဘာ ၆ ရက်တစ်ရက်ထဲတွင် Lexus hotel ၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး ကားပုံစံငယ်များနှင့် အရာဝတ္ထုပုံစံငယ်များအား စုဆောင်းသည့်ဝါသနာရှင်များစွာတက်ရောက် ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.