Connect with us

Videos

စိမ်းလန်းရောင်စုံ မြို့ရန်ကုန် ခေါင်းစဉ်ဖြင့် ပန်းမန် ပြပွဲ ၊ ပြိုင်ပွဲအား ကန်တော်ကြီး သဘာ၀ ဥယျာဉ်၌ ကျင်းပ

ရန်ကုန် ၊ ဇန်နဝါရီ ၁၈ ရက်(ဆင်ဟွာ)

စိမ်းလန်းရောင်စုံ မြို့ရန်ကုန် ခေါင်းစဉ်ဖြင့် ၁၈ ကြိမ်မြောက် ရန်ကုန် မြို့တော်ဝန် ဖလား ပန်းမန် ပြပွဲ ၊ ပြိုင်ပွဲအား ရန်ကုန်မြို့ကန်တော်ကြီး သဘာ၀ ဥယျာဉ် အတွင်းရှိ မဟာမြိုင်ကျွန်း၌ ယနေ့ဇန်နဝါရီ ၁၈ ရက်တွင် ဖွင့်ပွဲ အခမ်းအနား နှင့် အတူ စတင် ဖွင့်လှစ် ပြသခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲ အခမ်းအနားတွင် ရန်ကုန် မြို့တော်ဝန် ဦးမောင်မောင်စိုးက ပန်းမန်ပြပွဲ ၊ ပြိုင်ပွဲအား လာမည့်နှစ်တွင်လည်း ယခုထက် ပိုပြီး တိုးတက် အောင် အားပေးသွားမည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

၁၈ ကြိမ်မြောက် ရန်ကုန် မြို့တော်ဝန် ဖလား ပန်းမန် ပြပွဲ ၊ ပြိုင်ပွဲတွင် ပြိုင်ပွဲ အမျိုးအစား အဖြစ် ရာသီပန်း ၊ သက်ကြီးပုပင်(Bonsai) ၊ ပန်းအလှပြင်ဆင်ခြင်း ၊ နှင်းဆီပင် အမျိုးမျိုး ၊ မြေယာ ရှုခင်း ၊ ပြည်ပ သစ်ခွ (ကတ်တလီယာ) ၊ ပြည်ပ သစ်ခွ(ဗန်ဒါ) ၊ ပြည်ပ သစ်ခွ (ဒန်ဒိုဗီယမ်) ၊ သစ်ခွ အခြားအုပ်စု ၊ ပြည်တွင်း သစ်ခွ ၊ အရွက်လှ(အိမ်တွင်း) ၊ အရွက်လှ(အိမ်ပြင်) ၊ အပွင့်လှ(အိမ်ပြင်) တို့ဖြင့် ၁၃ မျိုး ပါဝင် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ပန်းမန် ပြပွဲတွင် ပညာပေး ပြခန်း ၁၈ ခန်း နှင့် ပန်းမန် အရောင်း ဆိုင်ခန်း ၅၁ ခန်း ပါဝင်ကြောင်း သိရသည်။ဖွင့်ပွဲ အခမ်းအနားအား ရန်ကုန် မြို့တော်ဝန် ဦးမောင်မောင်စိုး ၊ မြန်မာနိုင်ငံ ပန်းဝါသနာရှင် အသင်း ဥက္ကဋ္ဌ ဒေါက်တာ စောလွင် နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

၁၈ ကြိမ်မြောက် ရန်ကုန် မြို့တော်ဝန် ဖလား ပန်းမန် ပြပွဲ ၊ ပြိုင်ပွဲအား ရန်ကုန်တိုင်းဒေသကြီး အစိုးရ ၊ ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီမှ ကြီးမှူး၍ ဇန်နဝါရီ ၁၈ ရက်မှ ၂၃ ရက် အထိ ၆ ရက်ကြာ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.