Connect with us

Videos

တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး နက်ရှိုင်းမှု” ပြပွဲ နှင့် နှစ်နိုင်ငံ ယဉ်ကျေးမှု ရက်သတ္တပတ် အား တရုတ် ယဉ်ကျေးမှု စင်တာ တွင် ကျင်းပ

ရန်ကုန် ၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

“တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး နက်ရှိုင်းမှု” ဓာတ်ပုံ ၊ လက်ရေးလက်သား နှင့် ပန်းချီလက်ရာ ပြပွဲ နှင့် ဧည့်ပရိသတ်များ ကိုယ်တိုင်ပါဝင် ဆင်နွှဲ နိုင်သော တရုတ်-မြန်မာ ယဉ်ကျေးမှု ရက် သတ္တပတ် ကို ဇန်နဝါရီ ၁၆ ရက် မှ စတင်၍ ရန်ကုန် မြို့ရှိ တရုတ် ယဉ်ကျေးမှု စင်တာ တွင် ကျင်းပ ပြုလုပ် ခဲ့သည်။

ယနေ့ စတင်ကျင်းပ ပြုလုပ်သည့် “တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး နက်ရှိုင်းမှု” ပြပွဲ နှင့် တရုတ်-မြန်မာ ယဉ်ကျေးမှု ရက် သတ္တပတ် တို့ အား တရုတ် နိုင်ငံ အစိုးရ ၊ယူနန်ပြည်နယ် အစိုးရ ၊ မြန်မာ နိုင်ငံ ပြန်ကြားရေး ဝန်ကြီးဌာန နှင့် သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန တို့ မှ ကြီးမှူး ကျင်းပ ပြုလုပ် ခဲ့ခြင်း ဖြစ်ကြောင်း ၊ ပြပွဲ နှင့် ယဉ်ကျေးမှု ရက် သတ္တပတ် အား ဇန်နဝါရီ ၁၆ ရက် မှ ၁၉ ရက် အထိ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း ၊ ပြပွဲ တွင် မျက်မှောက်ခေတ်ကာလရှိ အောင်မြင်ထင်ရှား သော နှစ်နိုင်ငံ အနုပညာရှင် ၄၀ ကျော် ၏ ဓာတ်ပုံ ၊ လက်ရေးလက်သား နှင့် ပန်းချီလက်ရာ များကို ပြသသွားမည် ဖြစ်ကြောင်း ၊ ပြပွဲအား လာရောက် ကြည့်ရှုသူများ အနေဖြင့် ယူနန်တိုင်းရင်းသား ပန်းထိုးခြင်း အနုပညာ ၊ တိုင် လူမျိုး စက္ကူညှပ်ရိုးရာ အနုပညာ ၊ တရုတ် နိုင်ငံ ၏ ရိုးရာ တူရိယာ ဖြင့် လှပသိမ်မွေ့သည့် ဂီတ ဖန်တီးမှု အနုပညာ ၊ မြန်မာ နိုင်ငံ အင်းလေး ဒေသ ၏ ကြာချည်မျှင်ရက်လုပ် မှု အနုပညာ စသည့် နှစ်နိုင်ငံ ရိုးရာ ယဉ်ကျေးမှု နှင့် လက်မှု အတတ်ပညာ တို့ကို ပညာရှင်များ ကိုယ်တိုင်လာရောက် ရှင်းလင်းပြသသွားမည် ဖြစ်ပြီး လာရောက်ကြည့်ရှုသူများ အခမဲ့ လာရောက်ကြည့်ရှုနိုင်ကာ ကိုယ်တိုင်ပါဝင်ဆင်နွှဲ နိုင်ကြောင်း သိရှိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.