Connect with us

Videos

စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် အတွက် သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရ သက်တမ်း အတွင်း နှစ်ရှည် စီမံကိန်းများ ချမှတ် ဆောင်ရွက်ခဲ့

ရန်ကုန်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ)

စီးပွားရေး ဖွံ့ဖြိုး တိုးတက်စေရန် အတွက် အနှစ် (၂၀) အမျိုးသား ဘက်စုံ ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း၊ ၂၀၁၁-၂၀၃၁ ခုနှစ်၊ မြန်မာ့ ဘက်စုံ ဖွံ့ဖြိုး တိုးတက်မှု မျှော်မှန်းချက်၊ ၂၀၁၀-၂၀၃၅ ခုနှစ် မြန်မာ့ စက်မှုလုပ်ငန်း တိုးတက်ရေး မျှော်မှန်းချက်နဲ့ အခြား မူသဘောဆိုင်ရာ စီမံကိန်း (Conceptual Plan)၊ ပင်မ စီမံကိန်း ( Master Plan)၊ မြေယာ အသုံးချ မူဝါဒ ( Land Use Policy ) များကို နိုင်ငံတကာ အဖွဲ့အစည်းများ အကူအညီနဲ့ ရေးဆွဲပြီး လွှတ်တော်သို့ တင်ပြခြင်း၊ ပြည်သူလူထုသို့ အသိပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဇန်နဝါရီလ (၂၈) ရက်နေ့ က ပြည်ထောင်စု လွှတ်တော်တွင် ပြောကြားခဲ့သည်။

စီးပွားရေး ပိတ်ဆို့မှုများ ရုတ်သိမ်းခြင်းနဲ့ လက်ရှိ အခြေအနေနဲ့ ကိုက်ညီတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေများကို ပြဋ္ဌာန်းနိုင်ခြင်း၊ အထူးစီးပွားရေး ဇုန်များ စတင် အကောင်အထည် ဖော်နိုင်ခြင်းတို့ကြောင့် ပြီးခဲ့တဲ့ ငါးနှစ်တာ ကာလ အတွင်းမှာ ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုဟာ ၂၀၁၁ ခုနှစ်မှာ ငွေကျပ် ( ၂၄၁.၅၇ ) ဘီလီယံ ရှိရာကနေ ၂၀၁၅ ခုနှစ်မှာ ငွေကျပ် ( ၅,၁၇၉.၉၁) ဘီလီယံ အထိ တိုးတက် လာခဲ့ကြောင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှု အနေနဲ့ ၂၀၁၁ ခုနှစ်မှာ အမေရိကန် ဒေါ်လာ ( ၄.၆၄ ) ဘီလီယံ ကနေ ၂၀၁၅ ခုနှစ်မှာ အမေရိကန် ဒေါ်လာ ( ၂၂.၁၂ ) ဘီလီယံ အထိ တိုးတက် လာခဲ့ပါတယ်။ လူတစ်ဦးချင်း ဝင်ငွေဟာလည်း နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့ ( IMF ) ရဲ့ အစီရင်ခံစာ အရ ၂၀၁၁ ခုနှစ်မှာ အမေရိကန် ဒေါ်လာ ၈၀၀ ကျော် ရှိရာကနေ ၂၀၁၅ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၁,၂၇၀ အထိ တိုးတက်လာတာကို တွေ့ရမည် ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်မှ မိန့်ခွန်းထဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ထိုကဲ့သို့ ဆောင်ရွက် နိုင်ခဲ့သည့်အတွက် နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးမှာ အထောက်အကူ ဖြစ်စေမည့် ကမ္ဘာ့ဘဏ် အပါအဝင် IMF, ADB, ODA တို့မှ ငွေကြေးနဲ့ နည်းပညာ အကူအညီ အထောက်အပံ့များ ရရှိခဲ့ကြောင်း၊ EITI အဖွဲ့ဝင် ဖြစ်ရေးနှင့် ဖွံ့ဖြိုးမှု အနည်းဆုံး (LDC) နိုင်ငံအဖြစ်က လွတ်မြောက်အောင်လည်း အစပျိုး ဆောင်ရွက်ထား နိုင်ခဲ့ပြီ် ဖြစ်ကြောင်းဆိုသည်။

အလားတူပဲ အခွန်စနစ် ပြုပြင်ပြောင်းလဲရေး အနေနဲ့ ပြည်သူများ အနေနဲ့ ပေးသင့် ပေးထိုက်သော အခွန်များကို စနစ်တကျ ပေးဆောင်နိုင်ဖို့ ရှင်းလင်းသည့် အခွန်စနစ် သတ်မှတ်၍ အကြီးစား အခွန်ထမ်းရုံးကို ထူထောင်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၀၉ – ၂၀၁၀ ဘဏ္ဍာရေးနှစ် အမှန်စာရင်းအရ ပြည်ထောင်စု၏ အခွန်ရငွေဟာ ၁.၀၇၇ ထရီလီယံ ကျပ်ရှိပြီး ပြည်ထောင်စု၏ အခွန်ရငွေနှင့် ဂျီဒီပီ အချိုးဟာ ၃.၂ % ပဲရှိရာကနေ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် ပြုပြင်ပြီး ခန့်မှန်းခြေ စာရင်းအရ အခွန်ရငွေဟာ ကျပ် ၆.၃၈၇ ထရီလီယံအထိ တိုးတက်ရရှိခဲ့ပြီး ပြည်ထောင်စု၏ အခွန်ရငွေနဲ့ ဂျီဒီပီအချိုးဟာ ၈.၇ % အထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.