Connect with us

Videos

NLD အနေဖြင့် အစိုးရ အဖွဲ့ဖွဲ့စည်းရာ၌ နေရာမှန် ရွေးချယ်တတ်ရန် အထူး လိုအပ်ဟု သူရ ဦးရွှေမန်းဆို

နေပြည်တော်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနေဖြင့် အစိုးရ ဖွဲ့စည်းရာ၌ နေရာမှန် ရွေးချယ်တတ်ရန် အထူး လိုအပ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရ ဦးရွှေမန်းက ယနေ့ ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

အစိုးရတစ်ရပ် ဖွဲ့စည်းမည်ဆိုလျှင် NLD အနေဖြင့် ရာထူး၊ တာဝန်များကို နေရာမှန် ရွေးချယ်တတ်ရန် အထူး လိုအပ်ကြောင်း သူရ ဦးရွှေမန်းက ဆိုသည်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ၌ အနိုင် ရရှိလာသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် အစိုးရ ဖွဲ့စည်းရာတွင်တို့ ၎င်းတို့ ပါတီကြီးမှ နေရာအကုန် မယူဘဲ အခြားပါတီ၊ တိုင်းရင်းသားများနှင့် အပြင်မှ ပညာရှင်များ ခေါ်ယူ ဖွဲ့စည်းမည် ဖြစ်သဖြင့် NLD အနေဖြင့် အောင်မြင်သော အစိုးရအဖွဲ့ဖြစ်လာမည်ဟု သုံးသပ်ကြောင်း ၎င်းက ပြောသည်။

လက်ရှိ အနိုင်ရ ပါတီဖြစ်သော NLD အနေဖြင့် ၎င်းကို အစိုးရသစ် လက်ထက်တွင် တာဝန်ယူပေးရန် ပြောကြားခြင်း မရှိသေးကြောင်း သူရဦးရွှေမန်းက သတင်းစာ ရှင်းလင်းပွဲတွင် ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.