Connect with us

Videos

ဇယ်လန်းစကီးက ရုရှားနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် ဦးစားပေးဆွေးနွေးမည့် အချက် ၆ ချက် စီစဉ်ထားကြောင်းပြော

ကိဗ်၊ မတ် ၁၈ ရက် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံ သမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီး (Volodymyr Zelensky) က ရုရှားနိုင်ငံ နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွင်း ဦးစားပေး ဆွေးနွေးမည့် အချက် ၆ ချက်ကို စီစဉ်ထားကြောင်း သမ္မတရုံး သတင်းထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

“ ဆွေးနွေးပွဲ မှာ ကျွန်တော်ဦးစားပေး ဆွေးနွေးမယ့်အကြောင်းက သိပ်ကိုရှင်းလင်းပါတယ်၊ အဲဒါတွေကတော့ စစ်ပွဲကို ရပ်တန့်ဖို၊ လုံခြုံရေး အာမခံချက်ရှိဖို့၊ အချုပ်အခြာအာဏာရရှိဖို့၊ နယ်မြေပိုင်နက်စိုးမိုးရေးပြန်လည် ထူထောင်ဖို့ ၊ ကျွန်တော်တို့နိုင်ငံအတွက် အာမခံချက် အစစ်အမှန်ရရှိဖို့ ၊ ကျွန်တော်တို့နိုင်ငံအတွက် အစစ်အမှန် အကာအကွယ် ရရှိဖို့ဆွေးနွေးသွားမှာပါ” ဟု ဇယ်လန်းစကီးက မတ် ၁၇ ရက်တွင် ပြည်သူသို့ မိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

ယူကရိန်းနိုင်ငံနှင့် ရုရှားနိုင်ငံတို့ အကြားဆွေးနွေး ညှိနှိုင်းမှုများမှာ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း ဇယ်လန်းစကီးက ပြောကြားခဲ့သည်။

ယူကရိန်းနှင့် ရုရှား ကိုယ်စားလှယ်များသည် ၎င်းတို့၏ စတုတ္ထမြောက် ဆွေးနွေးမှုများကို မတ် ၁၄ ရက်တွင် ရုပ်သံလင့်ခ်မှတစ်ဆင့် စတင်ခဲ့ခြင်းဖြစ်သည်။

ဇယ်လန်းစကီးအနေဖြင့် ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင် နှင့် မကြာခင်ရက်များအတွင်းဆွေးနွေးမှုများလုပ်ဆောင်သွားမည်ဟု ယူကရိန်းနိုင်ငံ သမ္မတ အကြံပေးပုဂ္ဂိုလ် Mykhailo Podolyak က မတ်လ ၁၆ ရက်တွင် ပြောကြားခဲ့သည်။

ပူတင်နှင့် ဇယ်လန်းစကီး တို့၏ ဆွေးနွေးမှု လုပ်ဆောင်နိုင်ဖွယ်ရှိကြောင်း ကရင်မလင်နန်းတော်မှ ပြောခွင့်ရပုဂ္ဂိုလ် Dmitry Peskov က မတ် ၁၈ ရက်တွင် ပြောခဲ့သည်။
မတ်လ ၁၆ ရက် အစောပိုင်းတွင် ရုရှားနိုင်ငံ သမ္မတ အကြံပေးပုဂ္ဂိုလ် Vladimir Medinsky ကလည်း ရုရှားနိုင်ငံ နှင့် ယူကရိန်းနိုင်ငံတို့သည် အသစ်ထပ်မံဆွေးနွေးခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေးမှုများအတွင်း တိုးတက်မှုအချို့ရရှိခဲ့ကြောင်းနှင့် အလုံးစုံ ပြေလည်မှုတော့မရရှိသေးကြောင်း ပြောကြားခဲ့သည်။

“နှစ်ဖက်အဖွဲ့တွေရဲ့ ရပ်တည်ချက်တွေကတော့ သိပ်ကို ရှင်းလင်းပြတ်သားပါတယ်၊ မိမိတို့အနေနဲ့ကတော့ ဖြည်းဖြည်းချင်းနဲ့ အကောင်အထည်ဖော်နေပါပြီ” ဟု ရုရှားနိုင်ငံ မော်စကိုဘက် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Medinsky ၏ ထုတ်ပြန်ချက်ကို ရည်ညွှန်းကာ ဒေသတွင်းမီဒီယာက သတင်းထုတ်ပြန်ခဲ့သည်။

ယူကရိန်းနိုင်ငံ၏ (နေတိုးအဖွဲ့သို့မဝင်ရောက်ရေး) ကြားနေဝါဒ ဆက်လက်ထိန်းသိမ်းသွားရေးနှင့် ယူကရိန်း၌ စစ်မဖြစ်ပွားရေးအတွက် ယူကရိန်းနိုင်ငံ ၏ စစ်အင်အားနှင့်ပတ်သက်သည့် အလုံးစုံ ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်း Medinsky က ဆိုသည်။ (Xinhua)

………………………
(English Version)

GLOBALink | Zelensky lists 6 priorities at peace talks with Russia
KIEV, March 17 (Xinhua) — Ukrainian President Volodymyr Zelensky has listed six priorities during peace talks with Russia, the presidential press service reported.
“My priorities in the negotiations are absolutely clear: the end of the war, security guarantees, sovereignty, restoration of territorial integrity, real guarantees for our country, real protection for our country,” Zelensky said while addressing the nation on Thursday.
The negotiations between Ukraine and Russia are continuing, Zelensky said.

Ukrainian and Russian delegations started their fourth round of negotiations on Monday via video link.
On Wednesday, Ukrainian Presidential Advisor Mykhailo Podolyak said that Zelensky might hold talks with Russian President Vladimir Putin in the coming days.
On Friday, Kremlin spokesman Dmitry Peskov said that a meeting between Putin and Zelensky is possible.
Earlier Wednesday, Russian presidential aide Vladimir Medinsky said Russia and Ukraine have achieved some progress on a number of issues during the new round of talks, “but not all.”
“The positions of the parties are quite clear, we are moving slowly,” local media reported, citing Medinsky, who is also the head of Moscow’s delegation.’

The preservation and development of Ukraine’s neutral status, Ukraine’s demilitarization along with a whole range of issues related to the size of the Ukrainian army are being discussed,” Medinsky said. ■

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.