Connect with us

Videos

တရုတ်ကုမ္ပဏီက အီဂျစ်နိုင်ငံ၌ တိုင်လုံး၂၀ ဖြင့်  အထင်ကရ စီးပွားရေး အဆောက်အဦ တည်ဆောက်နေ

ကိုင်ရို ၊ ဇွန် ၂၂ ရက်(ဆင်ဟွာ)

အီဂျစ်နိုင်ငံ အုပ်ချုပ်ရေးမြို့တော်သစ်အတွင်းရှိ စီးပွားရေးအချက်အခြာခရိုင်ကြီးတစ်ခုတွင် တရုတ်နိုင်ငံ China State Construction က တာဝါတိုင် ၂၀ ဖြင့် အထင်ကရ အဆောက်အဦတစ်လုံးကို တည်ဆောက်လျက်ရှိကြောင်း သိရသည်။ CBD စီမံကိန်းတွင် ပါဝင်နေသည့် အဆိုပါ အထပ် ၈၀ အမြင့်ရှိ အထင်ကရ အဆောက်အဦ ပြီးစီးသွားပါက ယင်းသည် အီဂျစ် နှင့် အာဖရိကတွင် အမြင့်ဆုံး မိုးမျှော်တိုက်ကြီး ဖြစ်လာမည် ဖြစ်သည်။ အောက်ခြေမှ တိုင်အလုံးပေါင်း ၂၀ အသုံးပြု၍ တည်ဆောက်ထားသော ယင်းအထပ်မြင့်အဆောက်အဦသည် ယခုအခါ အထပ်  ၃၀ သို့ ရောက်ရှိနေပြီး  စီမံကိန်း၏ တိုးတက်မှုသည် ကပ်ရောဂါကြောင့်  နှောက်နှေးကြန့်ကြာမှု မရှိခဲ့ကြောင်း သိရသည်။ (Xinhua) 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.