Connect with us

Videos

မြန်မာ့ပြည်တွင်းခရီးသွားလုပ်ငန်းပြန်လည်ဦးမော့လာရန်ပြင်ဆင်လျှက်ရှိ 

ရန်ကုန်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ) 

မြန်မာနိုင်ငံတွင် COVID-19 ကြောင့် ပြည်တွင်းခရီးသွားလုပ်ငန်းများ နှောင့်နှေးခဲ့မှုများကို ယခုနှစ်မကုန်ခင်  ပြန်လည် ဦးမော့လာစေရန် COVID-19 Tourism Relief Plan အဖြစ် အစီအမံများလုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဋ္ဌာန တာဝန်ရှိသူတစ်ဦးက ဇွန် ၂၀ ရက်တွင် ဆင်ဟွာသို့ပြောကြားခဲ့သည်။

ဝန်ကြီးဋ္ဌာနအနေဖြင့်မကြာသေးမီက ချမှတ်ခဲ့သည့် COVID-19 Tourism Relief Plan အရ ပြည်တွင်းခရီးသွားလုပ်ငန်းကို ၂၀ မှ ၂၅ ရာခိုင်နှုန်းခန့်အထိ ပြန်လည် ကောင်းမွန်လာနိုင်စေမည်ဟု မျှော်မှန်းထားသည်။ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဋ္ဌာန နှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဋ္ဌာန တို့အနေဖြင့်လည်း ပြည်တွင်း ခရီးသွားကဏ္ဍပြန်လည်ဦးမော့လာစေရန် ဘုရားပုထိုးများနှင့် ယဉ်ကျေးမှုအမွေအနှစ် နေရာများကိုပြန်လည်ဖွင့်လှစ်နိုင်ရန် စီမံဆောင်ရွက်လျှက်ရှိသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.