Connect with us

Videos

တရုတ်ကြက်ခြေနီအသင်း မှ မြန်မာငလျင်ဒဏ်ခံပြည်သူများအတွက် အမေရိကန်ဒေါ်လာတစ်သိန်းလှူဒါန်း

ရန်ကုန် ၊ စက်တင်ဘာ ၅ ရက်(ဆင်ဟွာ)
မြန်မာနိုင်ငံ ရှိ ငလျင်ဒဏ်ခံရသော ပြည်သူများအတွက် တရုတ်နိုင်ငံ ကြက်ခြေနီအသင်း မှ ကူညီထောက်ပံ့ငွေ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဌာနချုပ်(ရန်ကုန်) အစည်းအဝေးခန်းမ၌ ယနေ့ ကျင်းပခဲ့သည်။
အခမ်းအနားတွင် တရုတ် နိုင်ငံ ကြက်ခြေနီ အသင်း ကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန် (Mr. Hong Liang) မှ မြန်မာ နိုင်ငံ ကြက်ခြေနီအသင်း ဒုတိယဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ ဒေါ်နန်းထွမ်းလှ ထံသို့ မြန်မာ ကျပ်ငွေ ၁၂၁ သန်း နှင့် ညီမျှသော အမေရိကန် ဒေါ်လာ တစ်သိန်းကို ပေးအပ်လှူဒါန်း ခဲ့သည်။ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် က တရုတ် နိုင်ငံ အနေဖြင့် အိမ်နီးချင်းကောင်းပီသစွာ ပုဂံဘုရားများ ပြုပြင်ရေး အတွက် တရုတ် နိုင်ငံမှ ကျွမ်းကျင်ပညာရှင်များက မြန်မာ နိုင်ငံကို ပံ့ပိုးကူညီသွားမည်ဖြစ်ပြီး နိုင်ငံအတွင်း လူမှု ကရုဏာ လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် တရုတ် ကြက်ခြေနီအသင်းက မြန်မာ နိုင်ငံ ကြက်ခြေနီ အသင်းသို့ ယခုကဲ့သို့ လှူဒါန်းခြင်း ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
မြန်မာ နိုင်ငံ ကြက်ခြေနီအသင်း အထွေထွေ အတွင်းရေးမှူး ဦးခင်မောင်လှ က အလှူငွေများကို ငလျင်အန္တရာယ် လျော့ပါးရေး အစီအစဉ်များနှင့် ငလျင်ဒါဏ်သင့်ဒေသများတွင် ပြုပြင်ရန်လိုအပ်သည်များ အတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း ကျေးဇူးတင်စကားတွင်ထည့်သွင်းပြောကြားခဲ့သည်။
သြဂုတ်လ ၂၄ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ပုဂံဒေသတွင် ဘုရားစေတီများပြိုကျပျက်စီးခဲ့ပြီး ပြည်နယ်နှင့်တိုင်းဒေသအချို့တို့တွင်လည်း စေတီပုထိုးအချို့ပြိုကျ ပျက်စီးမှုများရှိခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.