Connect with us

Videos

တရုတ်တွင် ကမ္ဘာ့အရှည်ဆုံးရေအောက်ကေဘယ်လ်ကြိုးများဖြင့် လျှပ်စစ် နှစ်ဆ ထုတ်လွှတ်ရန် ရည်ရွယ်

ဟိုင်နန်၊ ဖေဖော်ဝါရီ ၁၅ ရက်(ဆင်ဟွာ)

Hainan Power Grid Co.,ltd မှ ဝန်ထမ်းများက လျှပ်စစ်ပေးဝေနိုင်မည့် ကေဘယ်လ် ကြိုးများကို ရေအောက်တွင် မြှုပ်နှံသည့်လုပ်ငန်းကို တရုတ်နိုင်ငံ၏ တောင်ပိုင်းစွန်း ဟိုင်နန်ပြည်နယ် Chengmai ရှိ Linshi ကျွန်းတွင် ပြုလုပ်ခဲ့သည်။ ပထမဆုံး ရေအောက် ကေဘယ်လ် ကြိုးကို တောင်တရုတ်ပင်လယ်နှင့် စပ်ဆက်လျက်ရှိသည့် ကွမ်တုံပြည်နယ် Qiongzhou ရေလက်ကြားကိုဖြတ်သန်းသွယ်တန်းမည်ဖြစ်သည်။ လျှပ်စစ်ဓါတ်အား ၅ဝဝ ကီလိုဗို့ထ် ရှိသည့် ရေအောက် ကေဘယ်လ် ကြိုးများမှာ အရှည်အားဖြင့် ၃၂ ကီလိုမီတာ ၊ မိုင် ၂ဝ နီးပါး ရှိပြီး ကမ္ဘာ့အရှည်ဆုံးရေအောက် ကေဘယ်လ်ကြိုးများဖြစ်လာသည်။ လျှပ်စစ်ဓါတ်အား နှစ်ဆ ထုတ်လွှတ်ပေးနိုင်ရန် ရည်ရွယ်ကာ အဆိုပါ စီမံကိန်းကိုဆောင်ရွက်ခြင်းဖြစ်ပြီး စီမံကိန်းပြီးစီးပါက လျှပ်စစ်ဓါတ်အား ကီလိုဝပ် ၁.၂ သန်းကို ကျွန်းသို့ပို့လွှတ်နိုင်မည်ဟုသိရသည်။

ထို့အပြင် တိုင်ဖွန်းမုန်တိုင်းတိုက်ခတ်ခံရပါကလည်း လျှပ်စစ်ဓါတ်အားပြတ်တောက်မှုကိုလျှော့ချနိုင်ရန် ရည်ရွယ်ချက်ဖြင့် ထိုသို့ဆောင်ရွက်ခြင်းဖြစ်သည်။ ရေအောက်အတွင်း ကေဘယ်လ်ကြိုးများကို မြှုပ်နှံသည့် လုပ်ငန်းမှာ အလွန်ခက်ခဲပြီး ကေဘယ်လ်ကြိုးများ ကို မြှုပ်နှံပြီးပါကလည်း ရေစီးကြောင်းများကြောင့် ရေတိုက်စားမှု နှင့် ကေဘယ်လ်ကြိုးများ ပျက်စီးမှုမရှိစေရန် ပုံမှန် စစ်ဆေးပေးရမည်ဖြစ်ကြောင်းသိရသည်။ ရေအောက်အတွင်း ကေဘယ်လ်ကြိုးများမြှုပ်နှံခြင်းကို လာမည့် ဧပြီလတွင် အပြီးဆောင်ရွက်သွားမည် ဟု သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.