Connect with us

Videos

တရုတ်နိုင်ငံက၂ဝ၃ဝ ခုနှစ် မတိုင်ခင် ကမ္ဘာတစ်ဝန်း ၌ နျူကလီးယားစက်ရုံပေါင်း ၃ဝ ကို တည်ဆောက် ရန်ရည်ရွယ်

ပေကျင်း၊ မတ် ၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ပိုးလမ်းမကြီးစီမံကိန်းနှင့် ဆက်စပ်နေသော ပြည်ပနိုင်ငံများ၌ နျုကလီးယားစက်ရုံပေါင်း ၃ဝ ကို ၂ဝ၃ဝ ခုနှစ် မတိုင်မီ တည်ဆောက်ရန်ရည်ရွယ်ထားကြောင်း တရုတ်အမျိုးသားနျူကလီးယား ကော်ပိုရေးရှင်း (CNNC) ဥက္ကဋ္ဌ ကပြောခဲ့သည်။

နိုင်ငံပေါင်း ၇ဝကျော် က ၎င်းတို့ နိုင်ငံများ၏ နျူကလီးယား စွမ်းအင်စီမံကိန်းများ ကို တိုးတက်ဖွံဖြိုးအောင်ဆောင်ရွက်ရန်အစီအစဉ်ဆွဲလျက်ရှိပြီး ၂ဝ၂ဝ ပြည့် နှစ် အရောက်တွင် နျူကလီးယားစက်ရုံ ၁၃ဝ ခန့် တည်ဆောက်ပြီးဖြစ်မည်ဟု မျှော်လင့်ထားကြသည်။

လက်ရှိတွင် တရုတ်နိုင်ငံ၌ စွမ်းအင် ဂစ်ဂါဝပ် ၂၈ သန်း ထွက်ရှိသော နျူကလီးယားစက်ရုံပေါင်း ၃ဝ ကျော် လည်ပတ်နေပြီး အခြား နျူကလီးယားစက်ရုံ၂၄ ခုကို နိုင်ငံအတွင်း ဆောက်လုပ်လျက်ရှိကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.