Connect with us

Videos

ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းမှာ ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၇ ခုတွင် လွန်ကဲအဆင့်သို့ရောက်ရှိလာ

ရန်ကုန် ၊ မတ် ၃ ရက် (ဆင်ဟွာ)

ယခု နွေရာသီကာလသို့ဝင်ရောက်လာသည်နှင့် ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၇ ခုတွင် ခရမ်းလွန် ရောင်ခြည် အညွှန်းကိန်း အခြေအနေမှာ လွန်ကဲ အဆင့်သို့ရောက်ရှိလာခဲ့ပြီး ကျန်ဒေသများတွင် အလွန်မြင့်မားသည့် အဆင့်တွင် ရှိနေကြောင်း မိုးဇလပညာရှင် ဒေါက်တာ ထွန်းလွင်က ယနေ့မတ်လ ၃ ရက်တွင် ဆင်ဟွာသို့ပြောသည်။

ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း လွန်ကဲ (Extreme) အဆင့်သို့ရောက်ရှိနိုင်သော တိုင်းဒေသကြီးနှင့် ပြည်နယ်များမှာ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် နှင့် တနင်္သာရီ တိုင်းဒေသကြီးတို့ ဖြစ်ကြောင်း မိုးဇလ ပညာရှင် ဒေါက်တာ ထွန်းလွင်က ခန့်မှန်းထားသည်။

“ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း အခြေအနေက နောက်ပိုင်းဆိုရင် ဇွန်လလောက်အထိ တစ်တိုင်းပြည်လုံး လွန်ကဲအဆင့်ကို ဖြစ်သွားမှာပါပဲ”ဟု ဒေါက်တာ ထွန်းလွင်က ဆင်ဟွာသို့ပြောသည်။ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း 11+ နှင့် အထက်အဆင့်ကို အမြင့်ဆုံး အဆင့်ဖြစ်သော လွန်ကဲ အဆင့် (Extreme) ဖြစ်ပြီး နေရောင်ခြည်ထဲတွင် ကြာမြင့်စွာ ရှိနေပါက အန္တရာယ် အလွန်ကြီးမားနိုင်ပြီး ကာကွယ်မှု အနေဖြင့် နေရောင်ခြည်ထဲတွင် တိုက်ရိုက် မထိတွေ့မိရန် ရှောင်ရှားခြင်း သို့မဟုတ် အချိန် အကြာကြီး မနေမိရန် လိုအပ်ကြောင်း သိရသည်။

အညွှန်းကိန်း မြင့်မားသည့် ခရမ်းလွန် ရောင်ခြည်များမှာ လူ့ခန္ဓာကိုယ်အပေါ်သို့လွန်ကဲစွာ ကျရောက်မိပါက အရေပြားကင်ဆာ ၊ အရွယ်မတိုင်မီ အရေပြားများ ရင့်ရော်ခြင်း ၊ မျက်စိတိမ်စွဲခြင်း ၊ မျက်စိကင်ဆာ ၊ snow blindness နှင့် မျိုးပွား ဗီဇပျက်စီးခြင်း စသည့် ကျန်းမာရေးဆိုင်ရာ ပြဿနာများ ကြုံတွေ့နိုင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.