Connect with us

Videos

တရုတ်နိုင်ငံက COVID-19 ရှိမရှိ အလိုအလျောက် စစ်ဆေးပေးနိုင်သည့် ဓါတ်ခွဲခန်းကို ဆာဘီးယားနိုင်ငံတွင် တည်ဆောက်

ဘယ်လ်ဂရိတ်၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)

ဆာဘီးယားနိုင်ငံ ဘယ်လ်ဂရိတ်မြို့တွင် COVID-19 ရှိမရှိ အလိုအလျောက်စစ်ဆေးနိုင်သည့်ဓါတ်ခွဲခန်းကို ဧပြီ ၂၀ ရက်က ဖွင့်လှစ်ခဲ့သည်။ Fire Eye ဟုအမည်ပေးထားသည့် ဓါတ်ခွဲခန်း ကို တရုတ်နိုင်ငံပိုင်BGI အဖွဲ့က ဆာဘီးယားနိုင်ငံတွင်တည်ဆောက်ပေးခဲ့ခြင်းဖြစ်သည်။ ထိုဓါတ်ခွဲခန်းမှ  တစ်ရက်လျှင်လူ ၂,၀၀၀ ကို COVID-19 ရှိမရှိစစ်ဆေးပေးနိုင်မည်။ တစ်ရက်လျှင်လူ ၁,၀၀၀ ကို စစ်ဆေးပေးနိုင်သည့် ၎င်းအမျိုးအစား ဒုတိယမြောက် ဓါတ်ခွဲခန်းကို  Nis မြို့တွင် လာမည့်သတင်းပတ်များအတွင်းထပ်မံ တည်ဆောက်ပေးသွားမည်ဟုသိရသည်။  (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.