Connect with us

Videos

တရုတ်နိုင်ငံ ရှင်းကျန်းဒေသတွင် ကျည်ဆန်ရထားခရီးစဉ်သစ်စတင်

ရှင်းကျန်း၊ စက်တင်ဘာ ၂၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံရှင်းကျန်းဒေသတွင် Bortala နှင့် Urumqi ဒေသတို့ကို ချိတ်ဆက်ပြေးဆွဲမည့် fuxing ကျည်ဆန်ရထားကို စတင်ပြေးဆွဲပြီဖြစ်ကြောင်းသိရသည်။ ၎င်းရထားမှာ အမြန်နှုန်းအားဖြင့် တစ်နာရီလျှင် ၁၆ဝ ကီလိုမီတာ ရှိပြီး ခရီးသွားလာရန်ကြာမြင့်ချိန်ကို ယခင်ထက် ထက်ဝက်လျှော့ချနိုင်သည်။ ယခုပြေးဆွဲသည့် fuxing ရထား ကို green giant ဟု အမည်ပြောင်းပေးထားပြီး ပေကျင်းနှင့် ရှန်ဟိုင်းသို့ ပြေးဆွဲသည့် တစ်နာရီလျင် ၃၅ဝ ကီလိုမီတာ အမြန်နှုန်းရှိသည့်ရထား နှင့် တူညီသည်ဟုသိရသည်။ 

ခရီးသည် တစ်ဦးဖြစ်သည့် Zhang Yulan က “ကျွန်မဖြင့်အရင်က ကျည်ဆန်ရထားဆိုတာကို မြင်တောင်မမြင်ဖူးပါဘူး ဒါနဲ့ ကျွန်မတို့မြို့ကို ကျည်ဆန်ရထားရောက်လာတော့မယ်ကြားတော့ Shuanghe မြို့ကို ကျည်ဆန်ရထားနဲ့ သွားဖြစ်တာပါဘဲ ကျည်ဆန်ရထားခရီးစဉ်ကို စီးကြည့်ချင်လို့လေ” ဟု ဆင်ဟွာကို ပြောကြားခဲ့သည်။

ကျည်ဆန်ရထားမောင်းနှင်သူ Li Guoqing က “ဟိုအရင် ၁၉၉ဝ နှစ်တွေတုန်းကတော့ Urumqi ဒေသ ကနေ Alataw pass ကို ပျမ်းမျှ တစ်နာရီ  ၆ဝ ကီလိုမီတာ အမြန်နှုန်းရှိတဲ့ ရထားကို ကျွန်တော်မောင်းခဲ့တာပါ အဲဒီ အချိန်တုန်းကတော့ ကျွန်တော်တို့ဆီမှာ ဒီဇယ်ရထားတွေပဲရှိတာပေါ့ ဒါပေမဲ့ အခုအချိန်မှာတော့ ခရီးသည်တွေ စိတ်ချလုံခြုံမှုရှိပြီး ပိုမိုသက်သောင့်သက်သာရှိစေမယ့် ဖူရှင်းကျည်ဆန်ရထားတွေ ကျွန်တော်တို့ဆီမှာ ရှိလာပြီလေ အဲဒီရထားတွေက ကျွန်တော်တို့လို ရထားပို့ဆောင်ရေးတာဝန်ထမ်းဆောင်နေကြသူတွေ အတွက်လည်းလုပ်ငန်းလုပ်ဆောင်ရာမှာ ပိုမို အထောက်အကူပြုစေပါတယ်” ဟု ဆိုသည်။

Fuxing ကျည်ဆန်ရထားကို ရှင်းကျန်းတွင် သြဂုတ်လအစောပိုင်းမှ စတင်ပြေးဆွဲခဲ့ပြီး ယခုနှစ်အတွင်း ကျည်ဆန်ရထားအစင်းရေပေါင်း ၂ဝ စင်းခန့် ရှင်းကျန်းတွင် ပြေးဆွဲမည်ဖြစ်ကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.