Connect with us

Videos

ရှားပါးအပင်မျိုးစိတ်များစုံလင်စွာပေါက်ရောက်လျက်ရှိသည့် ဖန်ကျင်းရှန်းတောင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်

ကွေ့ကျိုး၊ ဇူလိုင် ၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းကွေ့ကျိုးပြည်နယ်ရှိ ဖန်ကျင်းရှန်းတောင်ကို ၂ဝ၁၈ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့ တွင် ယူနက်စကို (UNESCO) က ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ်သတ်မှတ်ခဲ့သည်။ ၎င်းမှာ အမြင့်ပေ ၂၅၇၂ မီတာမြင့်သည့် ဝူလင်းတောင်တန်း ၏ အမြင့်ဆုံးတောင်တစ်တောင်ဖြစ်ပြီး အပင်မျိုးစိတ်စုစုပေါင်း ၄၃၉၅ နှင့် တိရစ္ဆာန်မျိုးစိတ်ပေါင်း ၂၇၆၇ ရှိကာ ရှားပါး အပင်မျိုးစိတ်များနှင့် မျိုးသုန်းပျောက်ကွယ်လုနီးပါး တိရစ္ဆာန်မျိုးစိတ်များ စုဝေးတည်ရှိရာတောင်လည်းဖြစ်သည်။ ဖန်ကျင်းရှန်းတောင်မှာ အာရှတိုက်တွင် အထူး ထိမ်းသိမ်းစောင့်ရှောက်ရမည့် တောတောင်ဒေသများထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ကမ္ဘာပေါ်တွင် ရှားပါးအပင်မျိုးစိတ်များအစုံလင်ဆုံးတည်ရှိသည့် ဒေသတစ်ခုလည်းဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.