Connect with us

Videos

တရုတ်ပြည်တွင်းဖြစ် ဝင်ရိုးစွန်းလေ့လာရေးဇိမ်ခံ သင်္ဘောကြီး၏ ပထမဆုံး ခရီးစဉ်အောင်မြင်စွာပြီးဆုံး

ပေကျင်း၊ နိုဝင်ဘာ ၁၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံက ထုတ်လုပ်ခဲ့သည့် ဝင်ရိုးစွန်းလေ့လာရေးဇိမ်ခံသင်္ဘောကြီးသည် ပထမဆုံးအကြိမ်တောင်ဝင်ရိုးစွန်း ဒေသကို သွားရောက်ခဲ့ပြီးပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်သည်။ Greg Mortimer ဟုအမည်ပေးထားသည့် ၎င်း သင်္ဘောကြီးကို China Merchants Industry Holdings က တည်ဆောက်ထားခြင်းဖြစ်ပြီး စက်တင်ဘာ လဆန်း ပိုင်း က ဟိုင်မန် အခြေစိုက် ထုတ်လုပ်ရေး  သင်္ဘောဆိပ် မှ ဝင်ရိုးစွန်းလေ့လာရေး ခရီးစတင်ထွက်ခွါခဲ့သည်။ သင်္ဘောကြီးမှာ ကမ္ဘာ့တောင်ဘက်အစွန်းပိုင်းမြို့တစ်မြို့ဖြစ်သည့် Ushuaia မြို့အထိ သွားရောက်ခဲ့ပြီးနောက် အန္တာတိတ်ဒေသကို ဝင်ရောက်ခဲ့သည်။ သင်္ဘော၏ အရှည်မှာ ၁၀၄.၄ မီတာရှိပြီး တစ်နာရီလျှင် ရေမိုင် ၁၆.၃ မိုင် အထိ အမြန်ဆုံး မောင်းနှင်နိုင် ကာ အခန်းပေါင်း ၁၃၅ ခန်းပါဝင်သောကြောင့် လူဦးရေ ၂၅၄ ဦးအထိ လိုက်ပါစီးနင်းနိုင်သည်။ သင်္ဘောတွင် လိုက်ပါစီးနင်းသူများအတွက် အပန်းဖြေအစီအစဉ်များ၊ ဖျော်ဖြေရေးအစီအစဉ်များ၊ရေကြောင်းစွန့်စားခန်းများနှင့် အားကစားလုပ်ဆောင်နိုင်မည့်အစီအစဉ်များလည်း စီစဉ်ထားရှိပေးထားခဲ့ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.