Connect with us

Videos

တရုတ်မြန်မာ မျက်စိ အလင်းပြ ခရီးစဉ်အတွင်းမျက်စိဝေဒနာရှင်များအား အခမဲ့ ကုသမှုများ ပြုလုပ်အောင်မြင်

နေပြည်တော် ၊ နိုဝင်ဘာ ၂ ရက်(ဆင်ဟွာ) တရုတ်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းပါဝင်သည့် ၂၀၁၇ မျက်စိ အလင်းပြ ခရီးစဉ် အတွင်း မျက်စိ ဝေဒနာရှင်များအား အခမဲ့ မျက်စိ စစ်ဆေး ခွဲစိတ်ကုသမှုများအား အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။ ၂၀၁၇ မျက်စိ အလင်းပြ ခရီးစဉ် အောင်မြင်ခြင်း အခမ်းအနားအား နိုဝင်ဘာလ ၁ ရက်တွင် နေပြည်တော် ဥတ္တရ သီရိ မျက်စိ ၊ နား ၊ နှာခေါင်း ၊ လည်ချောင်း အထူးကု ဆေးရုံကြီး၌ ပြုလုပ်ခဲ့သည်။ ထိုအခမ်းအနားတွင် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေးက တရုတ်နိုင်ငံက ယခုကဲ့သို့ဆောင်ရွက်ပေးမှုများ ကြောင့် ကျေးဇူးတင်ရှိပါကြောင်း၊ နောင်တွင်လည်း မကြာခဏ ခွဲစိတ်ကုသပေးမှုများအား ပြုလုပ်ပေးရန် ဖိတ်ခေါ်ပါကြောင်း ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန်က တရုတ်-မြန်မာ နှစ်နိုင်ငံ သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ အတူတကွ ကြိုးပမ်းမှုကြောင့် ယခု ပရဟိတ ဆောင်ရွက်မှုကို အောင်မြင်စွာ ဖော်ဆောင် နိုင်ပြီး အောင်မြင်မှု ရလဒ်ကို ဆွတ်ခူးနိုင်ခြင်း ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။ ၂၀၁၇ မျက်စိ အလင်းပြ ခရီးစဉ် အတွင်း ရှမ်းပြည်နယ် တောင်ကြီးမြို့နှင့် နေပြည်တော်ရှိ မျက်စိ ဝေဒနာရှင် စုစုပေါင်း ၅၀၀၀ နီးပါးအား မျက်စိ အခမဲ့ စစ်ဆေးမှုများ ပြုလုပ် ပေးပြီး မျက်စိအတွင်းတိမ် ဝေဒနာရှင် ၅၀၀ ကျော်အား ခွဲစိတ် ကုသမှုများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.