Connect with us

Videos

အိမ်မွေးခွေးလေးများရဲ့ဟောလိုးဝင်းပွဲတော်

လော့အိန်ဂျလိစ်၊ နိုဝင်ဘာ ၂ ရက်(ဆင်ဟွာ) အမေရိကန်ပြည်ထောင်စုလော့စ်အိန်ဂျလိစ်ရှိ Long beach တွင် ၁၇ကြိမ်မြောက် Haute Dog Howl’oween Parade အချစ်တော်ခွေးလေးများရဲ့ ဟောလိုးဝင်းလမ်းလျှောက်ပွဲကို အောက်တိုဘာလ ၂၉ ရက်နေ့က ကျင်းပခဲ့သည်။ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ထိုပွဲတော်တွင် ယခုနှစ်၌ ခွေးအကောင်ရေ ၅ဝဝ ခန့်ပါဝင်ဆင်နွှဲခဲ့သည်။ အကောင်းဆုံးဝတ်စားဆင်ယင်နိုင်သည့်ခွေးအတွက် တစ်နှစ်စာခွေးစာကို ဆုချီးမြှင့်သည်။ ထိုအစီအစဉ်ကြောင့် တိရစ္ဆာန်များအတွက်ရန်ပုံငွေပိုမိုရရှိစေရန်နှင့် ခွေးလိမ်မာလေးများအားလုံး အတူတကွပူးပေါင်းဆင်နွှဲသည့်ဓလေ့ကောင်းအလေ့အကျင့်တစ်ခု ဖြစ်စေရန်ရည်ရွယ်ကာနှစ်စဉ်ကျင်းပခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.