Connect with us

Videos

တရုတ်သံအမတ်ကြီးမှ တရုတ် နိုင်ငံသို့ သွားရောက် လည်ပတ်မည့် မြန်မာ လူငယ် ၁၀၀ အား တွေ့ဆုံ

ရန်ကုန် ၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)
တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် ၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင် မြန်မာ နိုင်ငံသို့ လာရောက်ခဲ့သည့် တရားဝင် ချစ်ကြည်ရေး လည်ပတ်မှု ခရီးစဉ် အတွင်း မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံရာတွင် တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး အထူးသဖြင့် လူငယ်အကြား ဆက်ဆံရေး မြှင့်တင် နိုင်ရန် အတွက် နှစ်နိုင်ငံ ခေါင်းဆောင်များ၏ သဘောတူညီမှု အရမြန်မာနိုင်ငံမှ လူငယ် အယောက် ၁၀၀ အား တရုတ် နိုင်ငံသို့ လာရောက် လည်ပတ်ရန်ဖိတ်ခေါ်ခဲ့သောကြောင့် ကဏ္ဍ အသီးသီးမှ ထူးချွန် လူငယ် အယောက် ၁၀၀ ပါဝင်သော ကိုယ်စားလှယ် အဖွဲ့သည် စက်တင်ဘာ ၂၁ ရက် မှ ၂၅ ရက်နေ့ အထိ တရုတ် နိုင်ငံ သို့ သွားရောက် လည်ပတ်မည် ဖြစ်သည်။
ထိုသို့သွားရောက်မည့် လူငယ်ကိုယ်စားလှယ်အဖွဲ့အား မြန်မာ နိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး ဟုန်လျန်မှ စက်တင်ဘာလ ၁၈ ရက် ညနေပိုင်းတွင် ရန်ကုန် မြို့ရှိ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် သံရုံး တွင် တွေ့ဆုံပွဲ တစ်ရပ် ပြုလုပ်ခဲ့ပြီး အဆိုပါ အခမ်းအနားသို့ မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း ဥက္ကဌ ဦးစိန်ဝင်းအောင် ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ ၊ တရုတ်နိုင်ငံသို့ သွားရောက်မည့် လူငယ်များနှင့် ဧည့်သည်တော်များ တက်ရောက် ခဲ့ကြသည်။
သံအမတ်ကြီး ဟုန်လျန်မှ အမှာစကားပြောကြားရာတွင် ယခု လေ့လာရေး ခရီးသွားရောက်မည့် မြန်မာ နိုင်ငံဒေသ အသီးသီးနှင့် နယ်ပယ် အသီးသီးမှ ထူးချွန် လူငယ်များသည် တရုတ်-မြန်မာ လူငယ်ချစ်ကြည်ရေး တိုးမြှင့်ရေး ဟူသော ကြီးမြတ်သည့် တာဝန်ကို ထမ်းရွက်ရုံသာမက တရုတ်-မြန်မာ နှစ်နိုင်ငံ ခေါင်းဆောင် များ၏ စိတ်အား ထက်သန်သော မျှော်လင့်ချက်များကိုလည်း ထမ်းရွက်ထားခြင်း ဖြစ်ကြောင်း ၊ တရုတ်-မြန်မာ လူငယ် အင်အား တောင့်တင်း ပါက နှစ်နိုင်ငံ ဆက်ဆံရေး တောင့်တင်းသည်” ဟု ခံစားမိပါကြောင်း၊ တရုတ်-မြန်မာ ချစ်ကြည်ရေး အတွက် နက်ရှိုင်းသော အခြေခံ အုတ်မြစ်ကို ရရှိမည် ဖြစ်ကာ အနာဂတ်သည် လွန်စွာကျယ်ပြန့်မှာ ဖြစ်ကြောင်း ၊အဆိုပါခရီးစဉ်မှတစ်ဆင့် တရုတ် နိုင်ငံ အကြောင်း သိရှိ နားလည်ခြင်း ၊ မြန်မာ နိုင်ငံ အကြောင်း မိတ်ဆက်ခြင်း ၊ မိတ်ဆွေများစွာနှင့် ပေါင်းသင်းဆက်ဆံခြင်း ဟူသော အချက် သုံးချက်ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ရန် အကြံပြုကြောင်း ၊ နှင့် တရုတ် နိုင်ငံ လေ့လာရေး ခရီးစဉ် ပျော်ရွှင်ပါစေလိုပါကြောင်း ပြောကြား ခဲ့သည်။
တရုတ်နိုင်ငံ လည်ပတ်ရေး ခရီးစဉ် အတွင်း လူငယ် ကိုယ်စားလှယ် အဖွဲ့သည် ပေကျင်းနှင့် ရှန်ဟိုင်းသို့ သွားရောက် လည်ပတ်မည် ဖြစ်ပြီး တရုတ်နိုင်ငံ အတွင်းရှိ ကျောင်းများ ၊ တရုတ် နိုင်ငံရှိ အဆင့်မြင့် နည်းပညာ လုပ်ငန်းများ ၊ Oriental Pearl Tower စသည့် တို့ကို သွားရောက် လည်ပတ်မည် ဖြစ်ပြီး မဟာတံတိုင်းကြီး ၊ တရုတ် နိုင်ငံ ရှေးဟောင်း နန်းတော် စသည့် သမိုင်း ယဉ်ကျေးမှု အမွေအနှစ် နေရာများသို့ သွားရောက် လည်ပတ် ကြည့်ရှု မည် ဖြစ်သည်။ ထို့ပြင် တရုတ် နိုင်ငံတွင် ကျဉ်ဆံရထား ကိုလည်း သွားရောက် စီးနင်း လေ့လာကာ တရုတ် နိုင်ငံ၏ ရိုးရာယဉ်ကျေးမှုနှင့် ခေတ်မီ ဖွံ့ဖြိုး တိုးတက်မှု ရလဒ် များကို ခံစား သိရှိကြမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.