Connect with us

Videos

ကမ္ဘာ့ခေတ်ပေါ်ပန်းချီ (pop art) အနုပညာပြပွဲ လန်ဒန်တွင်ဖွင့်လှစ်ပြသ

The world goes pop ဟုအမည်ရသော ပြခန်းတစ်ခုကို ကမ္ဘာ့ခေတ်ပေါ်ပန်းချီ (pop art) အနုပညာလက်ရာများပါဝင်သည့် အနုပညာပြပွဲကိုTate Modern ပန်းချီပြခန်းမှ လန်ဒန်တွင် ဖွင့်လှစ်ပြသလျက်ရှိသည်။
အဆိုပါ ပြခန်းတွင် ဒေသစုံ၏ မတူကွဲပြားသော ယဉ်ကျေးမှုများ နှင့် နိုင်ငံများ၏ ခေတ်ပေါ် ပန်းချီလှုပ်ရှားမှုတွင်ပါဝင်ခဲ့ကြပုံများအားထင်ဟပ်ရန် ၁၉၆၀ မှာ ၁၉၇၀ ခုနှစ်များဆီက ဖန်တီးခဲ့သော ခေတ်ပေါ်ပန်းချီ (pop art)များ ကို ကမ ္ဘာတဝှမ်းရှိ နေရာပေါင်းစုံမှရှာဖွေ စုစည်းပြသထား သည်။
ထိုပြပွဲမှာ ခေတ်ပေါ်ပန်းချီသည် အနောက်နိုင်ငံ၏ အနုပညာလက်ရာသာမကဘဲ လူအများ၏ ဆန္ဒ ကို ထုတ်ဖော်ပြသသည့် နိုင်ငံတကာ ဘာသာစကားတစ်ခုလည်းဖြစ်ကြောင်း ဖော်ထုတ်ပြသထားခြင်းလည်းဖြစ်သည်။

ခေတ်ပေါ်ပန်းချီ (Pop art) ဟု အမည်ရသော အနုပညာတစ်ရပ်သည် ၁၉၅၀ ခုနှစ် များ၏အလယ်ပိုင်း လောက် တွင် ဗြိတိန် ၌စတင်ပေါ်ပေါက်ခဲ့ပြီး အမေရိကန်နိုင်ငံတွင်တော့ ၁၉၅၀ နှောင်းပိုင်းလောက် တွင် စတင်ခဲ့သည်။ထိုခေတ်က အမျိုးသားအနုပညာရှင်များကိုသာ လူသိများကြပြီး အမျိုးသမီးအနုပညာရှင်များကို သိရှိသူနည်းပါးခဲ့သည်။ ထို့ကြောင့် ယခုပြသထားသော ပြပွဲတွင် ခေတ်ပေါ်ပန်းချီ (pop art) လောက ၏ နာမည်ကြီးထင်ရှားပြီး ခေတ်ပေါ်ပန်းချီလှုပ်ရှားမှုအတွက်အဓိက ပါဝင်ပေးခဲ့ကြသော အမျိုးသမီး အနုပညာရှင်များ၏ ဖန်တီးမှုများ ကိုပါ ထည့်သွင်းပြသထား သည်။

ခေတ်ပေါ်ပန်းချီ (pop art) ဆိုသည်မှာ ရှေးခေတ် သမားရိုးကျအနုပညာ မှ တစ်ဆင့် ခွဲထွက်ပြီး အတွေးအခေါ်နှင့် ရည်ညွှန်းမှုများပါသော ခေတ်ပေါ်အနုပညာလက်ရာလည်းတစ်မျိုးဖြစ်သည်။ ယခုဖွင့်လှစ်ပြသထားသော ပြခန်းကို စက်တင်ဘာလ ၁၇ ရက်နေ့ မှ စတင် ပြီး ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့အထိ ဖွင့်လှစ်ပြသထားမည်ဟုသိရသည်။ (ဆင်ဟွာ)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.