Connect with us

Videos

တရုတ် နိုင်ငံ တွင် တံတား ၈၁ ခု နှင့် ဥမင်လှိုင်ခေါင်း ၆၂ ကို ဖြတ်၍ အမြန်ရထား လမ်း တည်ဆောက်ပြီးစီး

ကွေ့ကျိုး ၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ကွေ့ကျိုး ပြည်နယ် ရှိ အန်းစွန့်မြို့ နှင့် လျှို့ဖန်ဆွေ မြို့ အား ဆက်သွယ်ပေးသည့် အမြန်ရထားလမ်း သစ် တည်ဆောက်မှုပြီးစီး ခဲ့ပြီး စမ်းသပ်မောင်းနှင်မှု အား စတင် ဆောင်ရွက် ခဲ့သည်။ 

အမြန်ရထားလမ်း သည် ၁၂၅ ကီလိုမီတာ ရှည်လျားပြီး တံတား ၈၁ ခု နှင့် ဥမင်လှိုင်ခေါင်း ၆၂ ကို ဖြတ်သန်းကာ တစ်နာရီလျှင် ကီလိုမီတာ ၂၅၀ မောင်းနှင် နိုင်သော အမြန်ရထားလမ်း ဖြစ်သည်။ 

အမြန်ရထားလမ်းအား ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်း တွင် စတင် တည်ဆောက် ခဲ့ပြီး ၂၀၁၉ နှစ်ကုန်ပိုင်း အချိန်တွင် တည်ဆောက်ပြီးစီးခဲ့သည်။

ယင်း အမြန်ရထားလမ်း ပြီးစီးမှုကြောင့် မြို့နှစ်မြို့ အကြား သွားလာချိန်အား ယခင် ၃ နာရီခွဲ မှ ၁ နာရီ သို့ လျှော့ချပေးနိုင်ခဲ့သည်။

 အမြန်ရထားလမ်း က ကွေ့ကျိုးပြည်နယ် လမ်းပန်းဆက်သွယ်ရေး ကွန်ယက်တိုးမြှင့်ခြင်း နှင့် ဒေသတွင်း စီးပွားရေး ပေါင်းစည်းမှု အတွက် လွန်စွာ အရေးပါသော ရထားလမ်း တစ်ခု ဖြစ်သည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.