Connect with us

Videos

တရုတ်-မြန်မာချစ်ကြည်ရေး ရွှေလမ်း ငွေလမ်း ဖောက်တော့မည်

ပေကျင်း၊ ဇန်နဝါရီ ၂၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်၏ ၂၀၂၀ ပြည့်နှစ် ပထမဆုံး နိုင်ငံရပ်ခြား ချစ်ကြည်ရေးခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ ဇန်နဝါရီ ၁၇ နှင့် ၁၈ ရက်များတွင် လာရောက်လည်ပတ်ခဲ့ပြီးနောက် နှစ်နိုင်ငံ ချစ်ကြည်ရေးရွှေလမ်း ငွေလမ်း ဖောက်နိုင်တော့မည်ဖြစ်ပါသည်။

သမ္မတရှီကျင့်ဖိန်က “ ကျွန်တော်တို့ တရုတ်-မြန်မာ သံတမန်ဆက်ဆံရေးထူထောင်ခြင်းနှစ် (၇၀) ပြည့် အထိမ်းအမှတ် ဓါတ်ပုံပြပွဲ  ကို အတူတကွ သွားရောက်ကြည့်ရှုခဲ့ကြပါတယ် ။အဲဒီထဲမှာ ၁၉၅၄ ခုနှစ် ဇွန်လ ၂၈ ရက်နှင့် ၂၉ ရက် က ဝန်ကြီးချုပ်ချူအင်းလိုင်း  မြန်မာနိုင်ငံကိုလာရောက် လည်ပတ်ခဲ့တုန်းက ပုံလည်းပါဝင်ပါတယ်။အဲဒီအချိန်တုန်းက တရုတ်နိုင်ငံက မြန်မာနိုင်ငံနှင့်  အိန္ဒိယ နိုင်ငံတို့နှင့် ပူးတွဲ ထုတ်ပြန်ချက် အသီးသီးကို ထုတ်ပြန်ခဲ့ပြီး ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ်အတိုင်းလိုက်နာကျင့်သုံးကြရန် သဘောတူညီမှုရရှိခဲ့ပါတယ်။အဲဒါက နိုင်ငံတကာဆက်ဆံရေး ကဏ္ဍမှာ တကယ့်ကို အရေးပါတဲ့ ကနဦးခြေလှမ်းလည်းဖြစ်ပါတယ်” ဟုဆိုသည်။

“သမ္မတရှီကျင့်ဖိန်၏ ယခုခရီးစဉ်သည် နှစ်နိုင်ငံစလုံးအတွက် အလွန် ထူးခြား သည့် အဓိပ္ပါယ်ဖော်ဆောင်သည့် ခရီးစဉ်တစ်ခုဖြစ်ကြောင်း၊ ယခုခရီးစဉ်မှတစ်ဆင့် နှစ်နိုင်ငံချစ်ကြည်ရေး စာမျက်နှာသစ်တစ်ခုကို ရေးထိုးနိုင်မယ်လို့ထင်မြင်မိကြောင်း” မဟာဗျူဟာ နှင့် နိုင်ငံတကာ သုတေသနစင်တာဉက္ကဌ ဦးကိုကိုလှိုင်ကဆိုသည်။  

နက်ရှိုင်းသည့် ချစ်ကြည်နှီးမှုများနှင့် အတူ ပကတိ စစ်မှန်မှုများနှင့် ရင်းနှီးမြှုပ်နှံမှုများကို ရှာဖွေပြီးအနာဂတ်ကို ဇွဲလုံ့လဝိရီယများဖြင့် တည်ဆောက်ရင်း တရုတ်မြန်မာချစ်ကြည်ဆက်ဆံရေး ခေတ်သစ်တစ်ခုဆီသို့ တက်လှမ်းနိုင်မည့်အကြောင်းကို Chines Academy of Social Sciences မှ သုတေသီ Wang Yuzhu က ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.