Connect with us

Videos

တရုတ်-မြန်မာ နှစ်နိုင်ငံပညာရှင်များ ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်မှုပူးပေါင်းဆောင်ရွက်ရန်လက်မှတ်ထိုး

ရန်ကုန် ၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ)

Myanmar Belt and Road Development Association နှင့် တရုတ် နိုင်ငံ Kunming South Asia and Southeast Asia International Logistics Research Institute (SSILR) တို့ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူ ညီချက် လက်မှတ်ရေးထိုးခြင်း အခမ်းအနား ကို ဇန်နဝါရီ ၂၈ ရက်နေ့ က ရန်ကုန် မြို့ တွင် ကျင်းပ ပြုလုပ် ခဲ့သည်။

အခမ်းအနား သို့ တက်ရောက်လာသည့် ရန်ကုန် မြို့တော်ဝန် ဒေါက်တာ မောင်မောင်စိုး က အဖွင့် အမှာစကား ပြောကြားရာတွင် မြန်မာ နိုင်ငံ အနေဖြင့် ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု တွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း အားဖြင့် နိုင်ငံတော် အတွက် လမ်းပန်းဆက်သွယ်ရေး များ ပိုမို ကောင်းမွန်လာမည် ဖြစ်ပြီး စီးပွားရေး အခွင့်အလမ်းများ ပွင့်လန်း လာမည် ဖြစ်ကြောင်း ၊ ထို့ပြင် အလုပ်အကိုင် အခွင့်အလမ်းများ လည်း ပေါများလာမည် ဖြစ်ပြီး ယဉ်ကျေးမှု ဆိုင်ရာ ၊ နည်းပညာ ပိုင်းဆိုင်ရာ နှင့် ခရီးသွား လုပ်ငန်းများလည်း တိုးတက်ဖွံ့ဖြိုးလာမည် ကို ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။

Renaissance Institute ၏ အမှုဆောင် ဒါရိုက်တာ နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို စီးပွားရေး ကော်မတီ အဖွဲ့ဝင် ဦးစိုးဝင်း က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားရာတွင် ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု အကောင်အထည် ဖော်ရန်အတွက် ညီအစ်ကိုမောင်နှမ များ အားလုံး ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ရမည် ဖြစ်ပြီး ပွဲဖြစ်မြောက်ရေး အတွက် ကူညီဆောင်ရွက်ခဲ့သူများ အားလုံးကို ကျေးဇူး တင်ရှိကြောင်း ပြောကြား ခဲ့သည်။

Myanmar Belt and Road Development Association ဥက္ကဋ္ဌ ဦးတင်ဦး က မြန်မာ နိုင်ငံ ခေတ်သစ်ပိုးလမ်းမကြီး ဖွံ့ဖြိုးတိုးတက်ရေး အသင်း အနေဖြင့် အဖွဲ့ဝင်များအား အတွေ့အကြုံများ နှင့် ကြိုးပမ်းအားထုတ်မှုများဖြင့် ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှုအား ပူးပေါင်းဆောင်ရွက်ရန် သန္နိဌာန် ချမှတ်ထားကြောင်း ၊ မြန်မာ နိုင်ငံ NGO အသင်း တစ်သင်း အနေဖြင့်လည်း အိမ်နီးချင်းကောင်း ပီသစွာ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ Kunming South Asia and Southeast Asia International Logistics Research Institute (SSILR) ဥက္ကဋ္ဌ မစ္စတာ လျိုကျင်းရှင်း က ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် စာချုပ်ချုပ်ဆိုခြင်းဖြင့် မြန်မာ နိုင်ငံ ပြည်သူလူထု အား တရုတ် နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၏ အသီးအပွင့်များ ကိုကောင်းမွန်စွာ မျှဝေပေးသွားနိုင် ကာ မြန်မာ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အတွက် တွန်းအားပေး ဆောင်ရွက်သွား နိုင်မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့နောက်တွင် Myanmar Belt and Road Development Association နှင့် တရုတ် နိုင်ငံ Kunming South Asia and Southeast Asia International Logistics Research Institute (SSILR) တို့ ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ သဘောတူ ညီချက် စာချုပ် လက်မှတ်ရေးထိုး ခဲ့ကြပြီး စုပေါင်း အမှတ်တရ ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.