Connect with us

Videos

တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှု နှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးပွဲတော်အဖြစ် “သွေးချင်းတို့ရဲ့ ပွဲတော်ဆီ” ကျင်းပ

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂ ရက်(ဆင်ဟွာ)

တိုင်းရင်းသားလူမျိုး များ၏ ရိုးရာယဉ်ကျေးမှု နှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးပွဲတော် ဖြစ်သည့် “သွေးချင်းတို့ရဲ့ ပွဲတော်ဆီ(၂၀၂၀)” ပွဲတော်အား ရန်ကုန်မြို့ရှိ ကျိုက္ကဆံကွင်း၌ ဖေဖော်ဝါရီ ၁ ရက်တွင် စတင် ကျင်းပ ပြုလုပ်ခဲ့သည်။

“သွေးချင်းတို့ရဲ့ ပွဲတော်ဆီ” ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အမှာစကားပြောကြားခဲ့သည်။ “သွေးချင်းတို့ရဲ ပွဲတော်ဆီ” ပွဲတော် မုခ်ဦး နှင့် တိုင်းရင်းသား ရိုးရာ ပြခန်းများ ဖွင့်ပွဲ အခမ်းအနားကိုလည်း နံနက်ပိုင်းတွင် ကျင်းပ ပြုလုပ်ခဲ့ရာ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူက တက်ရောက်ခဲ့ပြီး မိန့်ခွန်းပြောကြားခဲ့သည်။ 

ပွဲတော်၌ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု အကအလှများ၊ တေးသီချင်းဖျော်ဖြေမှုများ၊ တိုင်းရင်းသားများ၏ နေထိုင်မှုများနှင့် အသုံးအဆောင်ပစ္စည်းများကို ပြသသည့် ယဉ်ကျေးမှုပြခန်းများ၊ ဒေသအသီးသီးမှ တိုင်းရင်းသားရိုးရာအစားအစာများ၊ ရိုးရာဝတ်စုံများနှင့် ထွက်ကုန်ပစ္စည်းများရောင်းချမည့် ဈေးဆိုင်တန်းများ၊ အမှတ်တရဓာတ်ပုံများရိုက်ကူးနိုင်မည့်နေရာများ၊ တိုင်းရင်းသူအလှမယ် Miss Ethnics Myanmar 2020 ရွေးချယ်ပွဲ တို့ကို ကျင်းပသွားမည် ဖြစ် ကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.