Connect with us

Videos

ထိန်းသိမ်းမွေးမြူထားသောပန်ဒါကြီးမျိုးစိတ်မှ ၂၀၂၀ခုနှစ်အတွက် ကမ္ဘာ့ပထမဆုံးပန်ဒါအမွှာမွေးဖွား

ချန်တူး၊ မတ် ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ စီချွန်းပြည်နယ် ချန်တူးမြို့ရှိ  တရုတ်နိုင်ငံ ပန်ဒါကြီးမျိုးစိတ်များ ထိန်းသိမ်းရေးနှင့် သုတေသန စင်တာတွင် ကမ္ဘာပေါ်ရှိထိန်းသိမ်း မွေးမြူထားသောပန်ဒါကြီး များထဲတွင် ၂၀၂၀ ပြည့်နှစ်အတွင်း ပထမဆုံး ပန်ဒါအမွှာမွေးဖွားခဲ့သည့် အထိမ်းအမှတ်ပွဲကို ကျင်းပခဲ့သည်။ ပန်ဒါမလေး ဖူဝါမှ ပန်ဒါအထီးလေးနှစ်ကောင်ကို အမွှာမွေးထုတ်ခဲ့ပြီး ကိုယ်အလေးချိန်များမှာ ၁၅၉.၈ ဂရမ်နှင့် ၁၁၉.၅ ဂရမ်စီ အသီးသီးရှိကြသည်။ မိခင်နှင့် ပန်ဒါအမွှာလေးနှစ်ကောင်စလုံးကျန်းမာရေး ကောင်းမွန်ကြပြီး ၎င်းတို့မှာ ပန်ဒါ ထိန်းသိမ်းရေး စခန်းတွင် အဦးဆုံးအမွှာမွေးဖွားမှုအဖြစ် စံချိန်တင်နိုင်ခဲ့ကြသည်။ ထို့အပြင် စင်တာရှိ ကျွမ်းကျင်သူများ က  နွေဦးရာသီ တွင် ပန်ဒါ သားပေါက်ခြင်းမှာ အလွန် ကြုံတောင့်ကြုံခဲဖြစ်ရပ်ဟုဆိုသည်။ ယခုနှစ်တွင် အသက် ၁၇ နှစ်ပြည့်ပြီဖြစ်သည့် ဖူဝါမှာ ပန်ဒါကလေး ၈ကောင်အထိ မွေးဖွားခဲ့ပြီးဖြစ်ကြောင်း သိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.