Connect with us

Videos

ဒီမိုကရေစီ နိုင်ငံတော်ပေါ်ထွန်းလာစေရေး ကြိုးပမ်း ကြရန် သမ္မတ သဝဏ်လွှာ ပေးပို့

နေပြည်တော်၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ)

နှစ် (၇၀)ပြည့် လွတ်လပ်ရေးနေ့ အလံတင် အခမ်းအနားကို ယနေ့နံနက် က နေပြည်တော် မြို့တော် ခန်းမ၌ ကျင်းပခဲ့ပြီး နိုင်ငံတော် သမ္မတ၏ သဝဏ်လွှာကို ဒုတိယ သမ္မတ (၁)က ဖတ်ကြားခဲ့သည်။

နှစ် (၇၀) ပြည့် လွတ်လပ်ရေး နေ့အခမ်းအနားသို့ နိုင်ငံတော် သမ္မတက ပေးပို့သည့် သဝဏ်လွှာတွင် နိုင်ငံတော်နှင့် လျော်ကန်သင့်မြတ် သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်လာစေရေး ကိုလည်း ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း၊ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် အဓိကအကျဆုံး အချက်သည် တိုင်းရင်း သားညီအစ်ကိုမောင်နှမ များအားလုံး၏ သွေးစည်းညီညွတ်မှုစွမ်းပကားပင် ဖြစ်ရာ ရရှိပြီး လွတ်လပ်ရေး အဓွန့်ရှည် တည်တံ့ခိုင်မြဲရေးသည်လည်း တိုင်းရင်းသား ညီအစ်ကို မောင်နှမများ အားလုံး၏ သွေးစည်းညီညွတ်မှုဖြင့်သာ ဆောင်ကြဉ်းနိုင် မည်ဖြစ်ကြောင်း စသဖြင့် ဖော်ပြပါရှိပါသည်။

အဆိုပါ အခမ်းအနားသို့ ဒုတိယ သမ္မတနှင့် အတူ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များ၊ တပ်မတော် အရာရှိကြီးများ၊ အရပ်ဘက် နယ်ဘက် အဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ်များ စုစုပေါင်း ဦးရေ သုံးထောင်ခန့် တက်ရောက်ခဲ့ကြသည်။

ထို့အတူ နှစ် (၇၀)ပြည့် လွတ်လပ်ရေးနေ့ အလံတင် အခမ်းအနား ကို ရန်ကုန်တိုင်းဒေသကြီးတွင် ယနေ့မနက်ပိုင်းတွင်ကျင်းပခဲ့ပြီး နိုင်ငံတော် သမ္မတ၏ သဝဏ်လွှာကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ဖတ်ကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.