Connect with us

Videos

ဒုက္ခသည် တို့ အား ထောက်ပံ့ မည့် ဖက်ရှင် ပြပွဲ နယူးယောက် တွင်ပြုလုပ်

နယူးယောက်၊ စက်တင်ဘာ ၁ဝ ရက် (ဆင်ဟွာ)

အနုပညာရှင်နှင့် ဖက်ရှင်ဒီဇိုင်နာ ဂျော်နီဒါး သည် နံမည်ကျော်ကြားသည့် အနုပညာရှင်ပေါင်း ၁ဝဝ ကျော်အား ဆက်သွယ်ပြီး Jeasn for Refugees ခေါင်းစဉ်ဖြင့် ဖက်ရှင်ပြပွဲတစ်ခုပြုလုပ်ကာ ရန်ပုံငွေရှာဖွေပြီး တစ်ကမ္ဘာလုံး ရှိ ဒုက္ခသည်များကို ထောက်ပံ့ပေးရန်အတွက် အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေး ကော်မတီကို လှူဒါန်း သွားမည် ဖြစ်သည်။

ဟောလီးဝုဒ်ထိပ်တန်းအကျော်အမော်ရှာရွန်စတုန်း မှသည် ဗစ်တိုးရီးယားဘက်ခမ်းနှင့် အမ်မာဝပ်ဆန် တို့ ကဲ့သို့ နံမည်ကျော်ကြားသူ ၁ဝဝ ကျော်တို့မှ ၎င်းတို့ အသုံးပြုသည့် ဂျင်းအဝတ်အစားများကို လှူဒါန်းခဲ့ကြပြီး ဖက်ရှင်ဒီဇိုင်နာ ဂျော်နီဒါးနှင့် အခြားဖက်ရှင် အနုပညာရှင်များက ပြုပြင်မွမ်းမံကာ ဖက်ရှင်ရှိုးပြသခဲ့ခြင်း ဖြစ်သည်။ အောက်တိုဘာလ ၃ဝ ရက်နေ့တွင် နောက်ဆုံးထား၍ ထို ဂျင်းဝတ်စုံ ၁ဝဝ ကျော်ကို လေလံစနစ်ဖြင့် ရောင်းချပြီးရန်ပုံငွေရှာဖွေသွားမည်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.