Connect with us

Videos

ဒုတိယသမ္မတလောင်းများ အမည်စာရင်း အဆိုပြု ရမည့် လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့အစည်းအဝေးများ ကျင်းပမည်ရက်ကို မတ်လ ၁၇ ရက်နေ့ သတ်မှတ်

နေပြည်တော်၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ)

နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတများ ရွေးချယ်တင်မြှောက်နိုင်ရေးအတွက် ဒုတိယ သမ္မတလောင်းများ အမည်စာရင်းအဆိုပြုရမည့် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ ၏ အစုအဖွဲ့လိုက်အစည်းအဝေးများကို မတ်လ ၁၇ ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း ယနေ့ ပြည်ထောင်စုလွှတ်တော်တွင် သတ်မှတ်ကြေညာလိုက်သည်။

သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့တစ်ခုစီမှ အစည်းအဝေးပြုလုပ်ပြီး ရွေးချယ်ထားသည့် ဒုတိယ သမ္မတ လောင်း အမည်စာရင်းများကို ပြည်ထောင်စုလွှတ်တော် နာယကထံတင်ပြရမည်ဖြစ်သည်။
သမ္မတ နှင့် ဒုတိယ သမ္မတများ ရွေးချယ်တင်မြှောက်ရေးအတွက် ပြည်သူ့လွှတ်တော်အစုအဖွဲ့၊ အမျိုးသားလွှတ်တော် အစုအဖွဲ့နှင့် တပ်မတော်သားလွှတ်တော် အစုအဖွဲ့စသည့် အစုအဖွဲ့ ၃ ဖွဲ့ခွဲကာ ဒုတိယသမ္မတလောင်းများ ရွေးချယ်ရေး အစည်းအဝေးများပြုလုပ်ကာ မတ်လ ၁၇ ရက်နေ့တွင် ဒုတိယ သမ္မတလောင်းများအမည်စာရင်းကို ပြည်ထောင်စုလွှတ်တော်ထံ တင်ပြမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့ လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က ပြောကြားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.