Connect with us

Videos

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမ ပုံမှန်အစည်းအဝေး ပထမနေ့ စတင်ကျင်းပ

နေပြည်တော် ၊ ဖေဖော်ဝါရီ ၁ ရက်(ဆင်ဟွာ)

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမ ပုံမှန်အစည်းအဝေး ပထမနေ့အား ယနေ့ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် နေပြည်တော်၌ စတင် ကျင်းပပြုလုပ်ခဲ့သည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေး ပထမနေ့တွင် သဘာပတိအဖြစ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မှ ဒေါ်ခင်ဌေးကြွယ် (ချောင်းဆုံ)က ဆောင်ရွက်ခဲ့သည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းမြင့် (တာမွေမဲဆန္ဒနယ်)ကို တင်မြှောက်ခဲ့ ပြီး ဒုဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်ဦးတီခွန်မြတ် (ကွတ်ခိုင်မဲဆန္ဒနယ်)ကို တင်မြှောက်ခဲ့သည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ ဦးတီခွန်မြတ်တို့သည် ယနေ့ သဘာပတိ ရှေ့မှောက်တွင် ကတိသစ္စာပြု လက်မှတ်ရေးထိုးလိုက်ပြီး လွှတ်တော်တာဝန်များကို စတင် ထမ်းဆောင် မည်ဖြစ်သည်။

ဒုတိအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေး ပထမနေ့၌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၄၂၉ဦး ကတိသစ္စာပြုပြီး လက်မှတ်ရေးထိုးကြသည်။

ပြည်သူ့လွှတ်တော်၌ လွှတ်တော် ကိုယ်စားလှယ် ၄၃၃ ဦးရှိရာ ခွင့်တိုင်ကြားသူ ၄ဦးရှိသဖြင့် ယနေ့ အစည်းအဝေးသို့ ၄၂၉ဦး တက်ရောက်ပြီး ကိုယ်စားလှယ်ဖြစ်ကြောင်း ကတိသစ္စာပြု လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.