Connect with us

Videos

မြန်မာနိုင်ငံ အနှံ့ရေကြီးရေလျှံမှု များကြောင့် ဒုက္ခသည် ၁ သိန်း ကျော် နှင့် သေဆုံးသူ ၂၇ ဦးထိရှိနေ

ရန်ကုန် ၊ သြဂုတ် ၁ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ တစ်ဝန်းလုံး မုတ်သုန်မိုး သည်းထန်စွာ ရွာသွန်းမှုများကြောင့် အဓိကမြစ်ကြီးများ ၏ စိုးရိမ်ရေမှတ် များသို့ ရောက်ရှိကျော်လွန်လာပြီဖြစ်သည်။ ယင်းရေကြီးရေလျှံမှု ၊ သဘာဝဘေးများကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၂ ခုရှိ ရေဘေးသင့်ခံ မြို့နယ်ပေါင်း ၄၂ မြို့နယ်တွင် ရေဘေးသင့်ပြည်သူ စုစုပေါင်း ၁၁၄၈၄၅ ဦး ရှိပြီး ယနေ့အထိ နောက်ဆုံးရရှိထားသည့် စာရင်းအရ သေဆုံးသူဦးရေ ၂၇ ဦးအထိ ရှိနေကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာနမှ သိရသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဆည်တာတမံများ ကျိုးပေါက်မှုမရှိစေရေး ရေကင်းများချထားပြီး စောင့်ကြပ် ကြည့်ရှုဆောင်ရွက်လျက်ရှိ ပြီး သက်ဆိုင်ရာ ရေဘေးကာကွယ်ရေးတာတမံများ ကြံ့ခိုင်မှုအတွက် ကြိုတင်ကာကွယ်ဆောင်ရွက်ခြင်း ၂၄ နာရီ စောင့်ကြည့်စီမံခြင်း၊ အရေးပေါ်ရေဘေး ကာကွယ်ရေးပစ္စည်းများ အရန်သင့်စုဆောင်းခြင်း၊ ဒေသဆိုင်ရာအဖွဲ့အစည်းများဖြင့် ပူးပေါင်းကာ ရေဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းကို အချိန်ပြည့် စောင့်ကြည့်စီမံ ဆောင်ရွက်လျက်ရှိသလို အမျိုးသား သဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ကော်မတီမှ ဦးဆောင်၍လည်း ရေကြီးရေလျှံမှုများနှင့် သဘာဝဘေး ကျရောက်နေသော ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည် နယ်နှင့် မွန်ပြည်နယ် ဒေသများတွင်လည်း သဘာဝဘေး စီမံခန့်ခွဲမှု လုပ်ငန်းစဉ်များ ဖြစ်သော ကယ်ဆယ်ရေး၊ ထောက်ပံ့ရေးနှင့် ပြန်လည်နေရာချ ထားရေး ကိစ္စရပ်များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ယမန်နေ့ဇူလိုင်လ ၃၁ ရက် ကလည်း နိုင်ငံတော် သမ္မတရုံးမှ ချင်းပြည်နယ် ၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ မကွေးတိုင်းဒေသကြီး နှင့် ရခိုင်ပြည်နယ်တို့အား သဘာဝဘေး အန္တရာယ် ကျရောက်သော ဒေသများအဖြစ် ထုတ်ပြန်ကြေညာ ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.