Connect with us

Videos

နိုင်ငံတော် သမ္မတ နှင့် ဒုတိယ သမ္မတများ အဖြစ် ရွေးချယ် တင်မြှောက် ခံထားရသူများ ပြည်ထောင်စု လွှတ်တော် နာယက ရှေ့မှောက် ကတိသစ္စာပြု

နေပြည်တော် ၊ မတ် ၃၀ ရက် (ဆင်ဟွာ)

နိုင်ငံတော် သမ္မတ အဖြစ် ရွေးချယ် တင်မြှောက် ခံထားရသူ ဦးထင်ကျော်နှင့် ဒုတိယ သမ္မတများ အဖြစ် ရွေးချယ် တင်မြှောက်ခံထားရသူများ ဖြစ်သည့် ဦးမြင့်ဆွေနှင့် ဦးဟန်နရီ ဗန်ထီးယူ တို့သည် ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်း၏ ရှေ့မှောက်တွင် ကတိသစ္စာ ပြုခြင်းများကို ယနေ့မတ်လ ၃၀ ရက်တွင် နေပြည်တော်ရှိ ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့သည်။

နိုင်ငံတော် သမ္မတ နှင့် ဒုတိယ သမ္မတများ အဖြစ် ရွေးချယ် တင်မြှောက် ခံထားရသူများက ၎င်းတို့သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နှင့် နိုင်ငံသားများ အပေါ် သစ္စာ စောင့်သိ ရိုသေပြီး ပြည်ထောင်စု မပြိုကွဲရေး ၊ တိုင်းရင်းသား စည်းလုံး ညီညွှတ်မှု မပြိုကွဲရေး ၊ အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေး တို့ကို ထာဝစဉ် ဦးထိပ် ပန်ဆင် ဆောင်ရွက်ပါမည် ဟူ၍ လည်းကောင်း ၊ ဤနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ထိန်းသိမ်း စောင့်သိ လိုက်နာ ရိုသေပြီး နိုင်ငံတော်၏ ဥပဒေများကို လိုက်နာ ကျင့်သုံး ဆောင်ရွက်ပါမည် ဟူ၍ လည်းကောင်း ၊ မိမိ၏ တာဝန် ဝတ္တရားများကို ဖြောင့်မတ် မှန်ကန်စွာဖြင့် အစွမ်းကုန် ဆောင်ရွက်ပါမည် ဟူ၍ လည်းကောင်း ၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်တွင် တရားမျှတခြင်း ၊ လွတ်လပ်ခြင်း နှင့် ညီမျှခြင်းတည်း ဟူသော လောကပါလ တရားများ ပိုမို ထွန်းကားရေး အတွက် ဆောင်ရွက်ပါမည် ဟူ၍ လည်းကောင်း ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အကျိုးငှာ နိုင်ငံတော်အား မိမိ၏ အသက်နှင့် ကိုယ်ကို အပ်နှင်းသည်ဟု လေးနက် တည်ကြည်စွာ ကြေညာ၍ ကတိ သစ္စာ ပြုခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.