Connect with us

Videos

ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ်အတည်ပြုခြင်းခံရသည့် ဦးဖြိုးမင်းသိန်းက အဂတိလိုက်စားမှုကင်းသည့် အစိုးရသစ်တစ်ရပ်ဖြစ်ရန် ကြိုးစားသွားမည်ဟုဆို

ရန်ကုန်၊မတ်၂၈ရက်(ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအတွင်း လက်ရှိဖြစ်နေသည့် အခြေအနေများ အားလုံးကို အကောင်းဆုံးတတ်စွမ်းသ၍ ဖြေရှင်းရန်ကြိုးစားသွားမည်ဖြစ်ကြောင်း၊ အဂတိလိုက်စားမှုများ ကင်းသည့် ပြည်သူများ၏လိုအပ်ချက်ကို အမှန်တကယ်အကောင်အထည်ဖော်ပေးနိုင်မည့် အစိုးရသစ် တစ်ရပ်ဖြစ်ရန်ကြိုးစားသွားမည်ဖြစ်ကြောင်း ယနေ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ်အတည်ပြုခြင်းခံရသည့် ဦးဖြိုးမင်းသိန်းက မီဒီယာများကို ဖြေကြားသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် အခက်အခဲများ ၊ စိန်ခေါ်မှုများ အများကြီးရှိနေကြောင်း၊ ရန်ကုန်မြို့သည် စီးပွါးရေးမြို့တော်ကြီးလည်းဖြစ်ကြောင်း၊ ရန်ကုန်တိုင်းအတွင်းတွင် ယာဉ်ကြောပိတ်ဆို့သည့်ပြသနာများ၊ မိုးတွင်းတွင် ရေကြီးရေလျှံပြသနာများရှိကြောင်း၊ အမှိုက်စွန့်ပစ်သည့် ပြသနာများ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေလာလျှင် တခြားသောကြုံတွေ့နေရသည့် အခက်အခဲများ အများကြီးရှိကြောင်း အကောင်းဆုံးဖြေရှင်းသွားမည်ဖြစ်ကြောင်း ဦးဖြိုးမင်းသိန်းကဆိုသည်။

ဦဖြိုးမင်းသိန်း၏ဆောင်ရွက်ချက်များက သက်သေပြနေ၍ NLD ပါတီသည် ၎င်းအားတိုင်းဒေသကြီးဝန်ကြီးချုပ် အဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းမှာ ကြားဖြတ်ရွေးကောက်ပွဲ ကစ၍ လွှတ်တော်ကိုယ်စားလှယ် ဖြစ်ခဲ့ကြောင်း၊ ထိုက်တန်သည့်သူဖြစ်သည့်အတွက် ရွေးသည်ဟု ခံစားရကြောင်း၊ ဦးဖြိုးမင်းသိန်းအား ဆန္ဒပြမှုများကိုကြားသိရကြောင်း၊ ပြင်းထန်သည့် ဆန္ဒပြမှုများဟု မမြင်ကြောင်း၊ ဆန္ဒထုတ်ဖော်ခြင်းသည် ဒီမိုကရေစီ၏ အနှစ်သာရ ဖြစ်ကြောင်း အန်အယ်လ်ဒီပါတီမှ အတွင်းရေးမှူးအဖွဲ့ဝင်ဦးဉာဏ်ဝင်းကပြောသည်။ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် အဖြစ် ခန့်အပ် တာဝန်ပေးခဲ့သည့် ဦးဖြိုးမင်းသိန်းသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကိုယ်စားပြု၍ ရန်ကုန်တိုင်းဒေသကြီး လှည်းကူး မဲဆန္ဒနယ် အမှတ် ၂ မှ ဝင်ရောက် ယှဉ်ပြိုင် အနိုင်ရရှိခဲ့သူ တစ်ဦး ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.