Connect with us

Videos

နှစ် ၉၀ သက်တမ်းရှိ အတွဲလိုက်အဆောက်အဦများကို မီတာ၂၀၀ကျော်အကွာအဝေးထိ အလုံးလိုက် ရွှေ့ပြောင်း

ရှန်ဟိုင်း ၊ ဇူလိုင် ၂၀ ရက်(ဆင်ဟွာ) 

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့၌ မကြာသေးမီက ၂၀ ရာစုနှစ်တွင် တည်ဆောက်ခဲ့သည့် အတွဲလိုက် အဆောက်အဦ ငါးလုံးကို မီတာ ၂၀၀ ကျော်အကွာအဝေးသို့ အလျားလိုက် ရွှေ့ပြောင်းပေးခဲ့သည်။ ဧရိယာအကျယ်အဝန်း ၁,၉၅၀ စတုရန်းမီတာ ရှိသည့် သုံးထပ်အိမ်ခန်းတွဲ ငါးလုံးကို နောက်တွဲယာဉ်ကဲ့သို့သော စက်ယန္တရားများအသုံးပြု၍ မြေမျက်နှာပြင်မှ ပင့်တင်ကာ နေရာသစ်သို့ ရွှေ့ပြောင်းပေးခဲ့ခြင်းဖြစ်သည်။ ယင်းအဆောက်အဦများသည် ၁၉၃၀ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ပြောင်းရွှေ့ချိန်မှာ အိမ်ခန်းတွဲ တစ်လုံးအတွက် တစ်နာရီခန့်သာ ကြာမြင့်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.