Connect with us

Videos

အလိုအလျောက်ကားပါကင်ထိုးပေးသည့် စနစ်စမ်းသပ်

နန်ကျင်း၊ သြဂုတ် ၂၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ နန်ကျင်းတွင် yeefung ကုမ္ပဏီက အလိုအလျောက်ကားပါကင်ထိုးပေးသည့် စနစ်ကို စမ်းသပ်အသုံးပြုခဲ့သည်။ မောင်းသူက ခလုတ်တစ်ခုအားနှိပ်ရုံသာလိုအပ်ပြီးစက်များဖြင့် အလိုအလျောက်ပါကင်စနစ် တစ်ခုလုံးကိုဆောင်ရွက်သွားမည်ဖြစ်သည်။ ထိုစနစ်တွင်တပ်ဆင်သည့် စက်မှာ မြေအောက်ကားပါကင် ရှိရာ ၆ မီတာထိ ရောက်အောင် ကားကိုသယ်ဆောင်သွားနိုင်ပြီး လိုသလို ရွှေ့ပြောင်းနိုင်သည်။ ထိုသို့မြေအောက်သို့ကားကိုပို့ဆောင်ပေးပြီးပါက ၄.၆ မီတာရှည်ပြီး ၂ မီတာအကျယ်ရှိသည့် အခြားစက်တစ်ခုဖြင့် ကားအား သတ်မှတ်ပါကင်နေရာအထိရောက်အောင် ပို့ဆောင်ပေးမည်ဖြစ်သည်။ ထိုစနစ်ဖြင့်ကားပါကင်ထိုးရန်အချိန် ၂ မိနစ်သာကြာမည်ဖြစ်သည်။ ထိုနည်းပညာကို နေရာ အကျယ်အဝန်း များစွာအသုံးမပြုနိုင်သည့်နေရာများတွင် ကားများအဆင်ပြေစွာရပ်နားထားနိုင်စေရန်နှင့် ယာဉ်မောင်းသူများအား လူထူထပ်သည့်နေရာများတွင် လွယ်ကူလျင်မြန်စွာကားရပ်နားထုတ်ယူနိုင်စေရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.