Connect with us

Videos

Miss Ethnic Myanmar ပြိုင်ပွဲ၌ ရှစ်ပါးရတနာ သရဖူကို ကချင်တိုင်းရင်းသားကိုယ်စားပြု အလှမယ် ရရှိ

ရန်ကုန်၊ ဇန်နဝါရီ ၃၁ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ တိုင်းရင်းသား အလှမယ် ပြိုင်ပွဲ (Miss Ethnic Myanmar 2019) Grand final ပြိုင်ပွဲကြီးကို ဇန်နဝါရီလ ၂၉ ရက်နေ့က ရန်ကုန်မြို့ ကျိုက္ကဆံကွင်း ၌ ကျင်းပခဲ့ရာ Miss Ethnic Myanmar ဆုရှင်အဖြစ် ကချင်တိုင်းရင်းသားကိုယ်စားပြုအလှမယ် M Ja Seng ကရရှိခဲ့သည်။

အဆိုပါ ပြိုင်ပွဲတွင် တိုင်းနှင့် ပြည်နယ်အသီးသီးက တိုင်းရင်းသား ၄၁ ဦး က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး ဒုတိယဆုကို ကယားတိုင်းရင်းသားကိုယ်စားပြု အလှမယ် နှင့် တတိယဆုကို ချင်းတိုင်းရင်းသားကိုယ်စားပြု အလှမယ် တို့က ရရှိခဲ့ကြသည်။

Miss Ethnic Myanmar ဆုရှင်အဖြစ်ရွေးချယ်ခံရသူ ကချင်တိုင်းရင်းသားကိုယ်စားပြုအလှမယ် M Ja Seng က ကျပ် သိန်း၅၀တန်ဖိုးရှိ ရှစ်ပါးရတနာ သရဖူ၊ ငွေသားကျပ် သိန်း၁၅၀၊ မြန်မာနိုင်ငံရိုးရာယဉ်ကျေးမှု ခရီးသွား မြှင့်တင်ရေး တွင် သံတမန်အဖြစ် ဆောင်ရွက်ခွင့်အပြင် အလှကုန်နှင့် အဝတ်အထည် သုံးစွဲခွင့်များရရှိမည် ဖြစ်သည်။

winner ဆုရှင် ကချင်တိုင်းရင်းသားကိုယ်စားပြု အလှမယ် M Ja Sengက “တစ်နှစ်တာ ဆောင်ရွက်ရမယ့် လုပ်ငန်းတွေကို ကျေပွန်အောင် ထမ်းဆောင်မယ်၊ ငြိမ်းချမ်းဖို့ စစ်ဘေးသင့်ပြည်သူတွေ ဆီသွားရောက် ကူညီ ချင်ပါတယ်”ဟု ပြောကြားသည်။

တိုင်းရင်းသားအလှမယ်ရွေးချယ်ပွဲ “Miss Ethnic Myanmar 2019” ကို တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုများ၊ ခရီးသွား လုပ်ငန်းများကို မြှင့်တင်နိုင်ရန်နှင့် တိုင်းရင်းသားလူမျိုး အချင်းချင်း ချစ်ကြည်ရင်းနှီးစွာ ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာတွင် မြန်မာနိုင်ငံတိုင်းရင်းသား လုပ်ငန်းရှင်များ အသင်း၏ သံတမန်အဖြစ် ကိုယ်စားပြုနိုင်ရန် ရည်ရွယ်၍ ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.