Connect with us

Videos

ပြင်သစ်တွင် မွေးဖွားသည့် ပန်ဒါငယ်လေးအားအမည်ပေးပွဲကျင်းပ

စိမ့်အေဂမ် ၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ)

ပြင်သစ် နိုင်ငံ စိမ့်အေဂမ် မြို့ ရှိ Beauval တိရစ္ဆာန် ရုံတွင် ဒီဇင်ဘာ ၄ ရက်နေ့၌ ပြင်သစ် နိုင်ငံ သို့ ရောက်ရှိ နေသည့် ပန်ဒါ စုံတွဲ မှ မွေးဖွား လာသည့် ပန်ဒါ အထီးလေးအား ယွမ်မုန့် ဟု အမည်ပေးအပ်သည့် အခမ်းအနား ကျင်းပခဲ့ကြောင်း သိရှိခဲ့ရသည်။တရုတ်ဘာသာစကားအရ ယွမ်မုန့်ဟူသည့်အမည်၏ အဓိပ္ပါယ်မှာ အိပ်မက်များအမှန်တကယ်ပြည့်ဝစေခြင်းဟု ဆိုသည်။

အခမ်းအနား သို့ တရုတ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ကျန်းယဲ့ဆွေ့ (Zhang Yesui) ၊ ပြင်သစ် နိုင်ငံ သမ္မတ ကတော် Brigitte Macron ၊ ပြင်သစ် နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ကျိုင်ကျန့် (Zhai Jun) နှင့် ပြင်သစ် နိုင်ငံ နယ်ပယ်အသီသီး မှ ပုဂ္ဂိုလ် များ စုစုပေါင်း ၁၀၀၀ ကျော် တက်ရောက် ခဲ့ကြသည်။တိရစ္ဆာန်ရုံ ဝန်ထမ်းများ ၏ ပြောကြား ချက်အရ ပန်ဒါလေး ယွမ်မုန့် အား ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့တွင် အများပြည်သူနှင့် တွေ့ဆုံပေးသွားမည်ဖြစ်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.