Connect with us

Videos

အသက် ၆ဝ ကျော် တိုင်ပတ်အကမယ်များ

ကျိလင်၊ ဒီဇင်ဘာ ၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းကျိလင်ပြည်နယ်တွင် အသက် ၆ဝ အရွယ် တိုင်ပတ်အကမယ်များက ဖျော်ဖြေပွဲများတွင်ဝင်ရောက်ကပြရန်အတွက် နေ့စဉ် တိုင်ပတ်လေ့ကျင့်ခန်းများပြုလုပ်လျက်ရှိသည်။ အသက် ၆ဝ နှစ်မှ ၆၉ အရွယ်ရှိ သက်ကြီးပိုင်းများဟုဆိုသော်လည်း သွက်လက်စွာလေ့ကျင့်ခန်းများပြုလုပ် နိုင်ကြသည်။ တိုင်ပတ်အကကြောင့် အလုပ်မှအနားယူသည့်အခါဖြစ်ပေါ်တတ်သည့် စိတ်ညစ်ညူးမှုများကို သက်သာစေသည်။ ၎င်းတို့သည် ဒေသတွင်းပြိုင်ပွဲများတွင်လည်းဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီးဆုတံဆိပ်များစွာကိုဆွတ်ခူးနိုင်ခဲ့ပြီဖြစ်သည်။ ၎င်းတို့မှာ အသက်အရွယ်ကြီးမားလာခြင်းကြောင့် ဖြစ်ပေါ်တတ်သည့် မိမိကိုယ်ကိုယ် ယုံကြည်မှုမရှိခြင်းနှင့် ခွန်အားလျော့နည်းခြင်းတို့မရှိဘဲ သွက်လက်လှပစွာကပြနိုင်သည့် အသက် ၆ဝ ကျော်တိုင်ပတ်အကမယ်များပင်ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.