Connect with us

Videos

ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ ပဉ္စမအကြိမ်အစည်းအဝေး၌ ဆွေးနွေးချက်များ သဘောတူညီမှုရရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)

ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲ ကော်မတီ(UPDJC)၏ ပဉ္စမအကြိမ်အစည်းအဝေး၌ ဆွေးနွေးချက်များ သဘောတူညီမှုရရှိခဲ့ကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာ၏ အထူးအကြံပေး ဦးလှမောင်ရွှေက ပြောကြားသည်။

အဆိုပါ ဆွေးနွေးပွဲ၌ လာမည့် မတ် ၃ဝ ရက် အစိုးရတာဝန် အလွှဲပြောင်းပြီးသည့်အခါ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိုလည်း လွှဲပြောင်းပေး၍ ချောချောမွေ့မွေ့ လုပ်ဆောင်နိုင်ရန်၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ကျင်းပခဲ့မှုအပေါ် သုံးသပ်ဆွေးနွေးရာတွင် NCA ၏ပြဋ္ဌာန်းချက်အတိုင်း စတင်ဆောင်ရွက်ရန်၊NCA တွင် ပြဋ္ဌာန်းထားသည့် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ များကျင်းပရေးကိစ္စများ ဆောင်ရွက် ရန်၊ ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံမှတ်တမ်းနှင့် ဆွေးနွေးချက် အစီရင်ခံစာများ ထုတ်ပြန်ရေးမှတ်တမ်း ဆွေးနွေးချက်နှင့် အစီရင်ခံစာများ အား အစိုးရမပြောင်းခင် မတ်လအတွင်း အချောသပ်၍ ထုတ်ပြန်ရန်၊ နှင့် ဆဋ္ဌမအကြိမ်ပြုလုပ်ကျင်းပမည့် အစည်းအဝေး အား မတ် ၁ ရက်တွင် ခေါ်ယူရန် ဆွေးနွေးနိုင်ခဲ့ကြောင်း သိရသည်။

ယင်း အစည်းအဝေးကို ဖေဖော်ဝါရီ ၂၀ရက်နေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေးလုပ်ငန်းဗဟိုဌာန(MPC)တွင် ကျင်းပခဲ့ပြီး အစည်းအဝေးတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ UPDJC ၏ ဒုတိယဥက္ကဋ္ဌများဖြစ် ကြသည့် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့မှ ပဒိုစောကွယ်ထူးဝင်းနှင့် နိုင်ငံရေးပါတီအစုအဖွဲ့မှ ဦးသုဝေတို့က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.