Connect with us

Videos

၂ဝ၁၆ အိမ်မွေးတိရစ္ဆာန်ပြပွဲ ကျင်းပ

ဘန်ကောက် ၊ မေ ၃ဝ ရက် (ဆင်ဟွာ)
မေလ ၂၆ ရက်နေ့က ထိုင်းနိုင်ငံတွင် ၂ဝ၁၆ အိမ်မွေးတိရစ္ဆာန်ပြပွဲ ကျင်းပခဲ့သည်။ အဆိုပါ ပြပွဲတွင် မြင်သူတိုင်းက ချစ် ကြ သည့် ချစ်စရာအိမ်မွေးတိရစ္ဆာန်များကို ပြသခဲ့သည်။ ၄ ရက်ကြာကျင်းပသည့် ပွဲတွင် အိမ်မွေးတိရစ္ဆာန်ဆိုင်ရာဆိုင်ခန်းပေါင်း ၂ဝဝ ကျော်နှင့် အိမ်မွေးတိရစ္ဆာန် ဈေးကွက်အတွက်ပါ အခွင့်အလမ်းများစွာကိုဖော်ဆောင်ပေးနိုင်ခဲ့သည်။ လာရောက်လည်ပတ်သူများကလည်း မိမိတို့အိမ်တွင်မွေးမြူချင်သည့် အိမ်မွေးတိရစ္ဆာန်များကို လာရောက်ရွေးချယ်ကြသည်။ ထိုပွဲတွင် အိမ်မွေးတိရစ္ဆာန်များ အထူးသဖြင့် ခွေးများနှင့် ကြောင်များကို ဝယ်စရာမလိုဘဲ အခမဲ့ အိမ်သို့ ယူဆောင်မွေးမြူနိုင်သည့် ပြခန်းအချို့လည်း ပြသထားသည်။ ထိုအထဲတွင် Kit Cat Nursery ဆိုသည့် ပြခန်းလည်းပါသည်။ ထိုပြခန်း၏ ထူးခြားချက်မှာ လမ်းပေါ်တွင်စွန့်ပစ်ခံထားရသည့် ကြောင်အကောင် ၂ဝ ကျော်တို့ကို ခေါ်ယူစောင့်ရှောက်ထားပြီး ပြပွဲတွင် ၎င်းတို့နှင့်သင့်တော်သည့် ပိုင်ရှင်များ၏ လက်ထဲသို့ ထည့်ပေးခြင်းဖြစ်သည်။ အိမ်မွေးတိရစ္ဆာန်ပြပွဲ ကျင်းပခဲ့သည်မှာ နှစ်ပေါင်း ၁၆ နှစ်ရှိခဲ့ပြီဖြစ်ပြီး တစ်နှစ်ထက်တစ်နှစ်လူသိများလာကာ စိတ်ဝင်စားမှုမြင့်မားလာသည့် ပွဲတစ်ပွဲဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.