Connect with us

Videos

5D နည်းပညာအသုံးပြုကာ ဖြတ်သန်းသွားလာနိုင်မည့် မှန်တံတားကြီး ဖွင့်လှစ်

ရှန်ရှီး၊ ဇူလိုင် ၉ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံမြောက်ပိုင်းရှန်ရှီးပြည်နယ်တွင် 5D နည်းပညာအသုံးပြုကာ ဖြတ်သန်းသွားလာနိုင်မည့် မှန်တံတားကြီးကို အများပြည်သူများလာရောက် လည်ပတ်နိုင်ရန်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်းသိရသည်။ အရှည် ၁၆၈ မီတာရှိပြီး ၂ မီတာအကျယ်ရှိကာ အောက်ခြေမှ အမြင့်ပေ ၁ဝ၈ မီတာ အထက်တွင် တည်ဆောက်ထားသောမှန်တံတားတစ်စင်းလည်းဖြစ်သည်။ အလေးချိန် ၆ တန်ကို ခံနိုင်ရည်ရှိပြီး ထို တံတားကိုဖြတ်သန်းသွားလာပါက လေထုထဲတွင် သွားလာနေရသကဲ့သို့ခံစားမှုမျိုးကိုဖန်တီးပေးနိုင်သည်။ထို့အပြင် 5D နည်းပညာဖြင့် အသံစနစ်များ video များကိုပါ ဖွင့်လှစ်ထားမည်ဖြစ်သောကြောင့် တံတားပေါ်တွင်ဖြတ်သန်းစဉ်ရင်ခုန်စိတ်လှုပ်ရှားမှုများကိုပေးစွမ်း နိုင်ရန်မည်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.