Connect with us

Videos

5G ကွန်ရက်နည်းပညာကို အသုံးပြုကာ နှလုံးခွဲစိတ်ကုသမှုပြုလုပ်

ကွေ့ကျိုး ၊ ဧပြီ ၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၌ ကီလိုမီတာ ၄ဝဝ အကွာတွင်ရောက်ရှိနေသည့် နှလုံးအထူးကုဆရာဝန်ကြီးများက 5G ကွန်ရက်နည်းပညာကို အသုံးပြုကာ ကွေ့ကျိုးမြို့ရှိ လူနာတစ်ယောက် အား အချိန် ၄ နာရီခန့်အတွင်း နှလုံးခွဲစိတ်မှု ပြုလုပ်ခဲ့ကြသည်။ လူနာမှာ အသက် ၄၁ နှစ်အရွယ်အမျိုးသမီးတစ်ဦးဖြစ်ပြီး မွေးရာပါ နှလုံးရောဂါ ဝေဒနာရှင်ဖြစ်သည်။ ခွဲစိတ်မှု တစ်ခုလုံးကို ကွေ့ကျိုးရှိ ကျွမ်းကျင်ပညာရှင်အဖွဲ့အစည်းထံ တိုက်ရိုက်ထုတ်လွှင့်ခဲ့ခြင်းဖြစ်သည်။ 5G ကွန်ရက်နည်းပညာမှာ 4G ကွန်ရက်နည်းပညာထက် ၁ဝ ဆ ခန့်ပိုမိုမြန်ဆန်ပြီး အင်တာနက်လိုင်းမှာလည်း ခွဲစိတ်မှု ပြုလုပ်စဉ်ကာလ တစ်လျှောက်လုံး တည်ငြိမ်ကောင်းမွန်ခဲ့ကြောင်း ပညာရှင်များက ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.