Connect with us

Videos

တရုတ်နိုင်ငံထုတ် ပေါက်ကွဲမှုဒါဏ် ခံနိုင်သော မြန်နှုန်းမြင့် ရထားကို အစ္စရေးနိုင်ငံတွင်ပြေးဆွဲမည်

ကျိလင်၊ ဇူလိုင် ၂၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံက ထုတ်လုပ်သည့် ပေါက်ကွဲမှုဒါဏ် ခံနိုင်သော မြန်နှုန်းမြင့်ရထားကို အစ္စရေးနိုင်ငံတွင် ၂ဝ၂၁ ခုနှစ်၌ စတင်အသုံးပြုတော့မည်ဖြစ်ကြောင်းသိရသည်။ အစ္စရေးနိုင်ငံ ၏ မြို့တော် တဲလ်အဗစ် တွင် အသုံးပြုမည့် အဆိုပါ ရထားကို လက်ရှိတွင် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ကျိလင်ပြည်နယ် Changchun မြို့တွင် စမ်းသပ်မောင်းနှင် လျက်ရှိသည်။ ၎င်း ရထားကို CRRC Changchun Railway Vehicles Co. က ထုတ်လုပ်ခြင်းဖြစ်ပြီး တဲလ်အဗစ်မြို့တွင် ပြေးဆွဲရန် အစင်း ၉ဝ မှာယူထားကြောင်းသိရသည်။

CRRC Changchun Railway Vehicles Co မှ အကြီးတန်းအင်ဂျင်နီယာ Niu Xiping က “ရထားစုစုပေါင်း အစင်း ၉ဝ ကို ၂ဝ၂၁ ခုနှစ် ဇွန်လမှာ ပို့ဆောင်ပေးဖို့ မှာယူထားပါတယ် တဲလ်အဗစ်မှာ မြန်နှုန်းမြင့် ရထားလမ်းကိုတော့ ၂ဝ၂၁ ခုနှစ် အောက်တိုဘာလမှာ စတင်ဖွင့်လှစ်မယ်လို့သိရပါတယ် လက်ရှိမှာတော့ ကျွန်တော်တို့က အဲဒီ တင်ပို့ရမယ့် ရထားတွေကို စမ်းသပ် မောင်းနှင်စစ်ဆေးနေပါတယ် ဒီရထားတွေကို အစ္စရေးကို ပို့ဆောင်ပြီးတဲ့အခါမှာ အန္တရာယ်ကင်းကင်းနဲ့ မောင်းနှင်ပြေးဆွဲနိုင်ဖို့ ပြီးခဲ့တဲ့ ဧပြီလကစလို့ ကျွန်တော်တို့ စစ်ဆေးမှုတွေလုပ်ဆောင်နေပါတယ်” ဟုဆိုသည်။

ရထား၏ အောက်ခြေအား ချိန်ကိုက်ဗုံးများ၏ ဒါဏ်ကို ကာကွယ်နိုင်ရန် နှင့် မီးဘေးအန္တရာယ် ကြုံတွေ့လာပါကလည်း ၁၅ မိနစ်အတွင်း မီးလောင်မှု ကို ခံနိုင်ရည်ရှိစေရန် non-ferromagnetic ပစ္စည်းဖြင့် ပြုလုပ်ထားပြီး ပေါက်ကွဲမှု ဒါဏ်ကို ခံနိုင်ရည်ရှိစေမည့် မှန်များဖြင့် တည်ဆောက်ထားသောကြောင့် ကျောက်တုံးများနှင့် ပုလင်းအကွဲအစများ၏ ဒါဏ်ကိုလည်း ခံနိုင်ရည်ရှိစေမည်ဟုသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.