Connect with us

Videos

ယူကရိန်းနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်အပါအဝင် သေစေနိုင်သည့်ရောဂါပိုးများ ဇီဝသုတေသန လုပ်ဆောင်ရန် အမေရိကန် ပင်တဂွန်မှ ငွေကြေးထောက်ပံ့မှုပြုလုပ်ခဲ့ဟုဆို

မော်စကို ၊ မတ် ၁၉ ရက် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံ၌ ဇီဝ သုတေသနလုပ်ဆောင်ရန် ပင်တဂွန်က ငွေကြေးထောက်ပံ့မှု ပြုလုပ်ခဲ့သည်ကို ယူကရိန်း ဓါတ်ခွဲခန်းများတွင်လုပ်ကိုင်သည့် ဝန်ထမ်းများထံမှ ရရှိခဲ့သည့် ပစ္စည်းများကိုလေ့လာရာမှ တွေ့ရှိခဲ့ကြောင်း ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက မတ် ၁၇ ရက်တွင် ပြောကြားခဲ့သည်။

ရုရှားစစ်တပ် ဓာတ်ရောင်ခြည်၊ ဓာတုဗေဒနှင့် ဇီဝဗေဒဌာန ကာကွယ်ရေးတပ်မှ အကြီးအကဲဖြစ်သူ IGOR KIRILLOV က “ ဒီ ၂၀၁၅ ခုနှစ် မတ်လ ၆ ရက် နေ့စွဲပါတဲ့စာရွက်တစ်ရွက်ထဲမှာ ပင်တဂွန်က ယူကရိန်းနိုင်ငံမှာ ဇီဝဗေဒ စစ်ရေးလုပ်ဆောင်ဖို့ အတွက် ငွေကြေးထောက်ပံ့မှုတွေမှာ တိုက်ရိုက်ပါဝင်ပတ်သက်နေတာကိုအတည်ပြု ထားပါတယ်” ဟုဆိုသည်။

အဆိုပါ ၂၀၁၅ ခုနှစ်မှ စာရွက်စာတမ်းများကို ဖော်ထုတ်ပြသခဲ့ရာ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ယူကရိန်းနိုင်ငံ ကိဗ်မြို့၊ အိုဒက်ဆာ မြို့၊ လိဗ်မြို့နှင့် ကာကော့ဗ်မြို့များတွင် ဇီဝဓါတ်ခွဲခန်းများ ဖွင့်လှစ်ရန် အမေရိကန်ဒေါ်လာ ၃၂ သန်း ငွေကြေးထောက်ပံ့ပေးခဲ့ပြီး ဇီဝဓါတ်ခွဲခန်းများအား အမေရိကန်ဘက်မှ ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

အမေရိကန်ပြည်ထောင်စု Defence Threat Reduction Agency (DTRA) နှင့် ကန်ထရိုက်တာ ကုမ္ပဏီ Black & Vitch ကုမ္ပဏီတို့က UP-8 အမည်ရှိစီမံကိန်းကို စတင်ခဲ့ပြီး လူကိုသေစေနိုင်သော ဗိုင်းရပ်စ်ပိုးများဖြစ်သည့် ကွန်ဂို-ခရိုင်းမီးယားသွေးလွန်တုပ်ကွေးရောဂါ၊ leptospirosis (ခေါ်) တိရစ္ဆာန်မှ တစ်ဆင့်ကူးစက်သည့်ရောဂါ နှင့် hantaviruses ဟု အမည်ရှိ ရှဉ့်များ ကြွက်များမှ ကူးစက်သည့် ရောဂါပိုးများကို လေ့လာရန် ရည်ရွယ်ခဲ့သည်။

ရုရှားစစ်တပ် ဓာတ်ရောင်ခြည်၊ ဓာတုဗေဒနှင့် ဇီဝဗေဒဌာန ကာကွယ်ရေးတပ်မှ အကြီးအကဲဖြစ်သူ IGOR KIRILLOV က “P-781 စီမံကိန်းရဲ့အစိတ်အပိုင်း ဖြစ်တဲ့စာရွက်စာတမ်းတွေကိုလေ့လာရာမှာ လူသားတွေကို လင်းနို့ကတစ်ဆင့် ရောဂါပိုးမွှားတွေ ကူးစက်စေမယ့်နည်းလမ်းတွေ လေ့လာထားတာကိုတွေ့ရှိခဲ့ကြပြီး အဲဒီလေ့လာမှုတွေကိုတော့ ကာကော့ဗ် မှာရှိတဲ့ ဓါတ်ခွဲခန်းတစ်ခု နဲ့အတူ တီဘီလီစီမြို့ က အညတရ စင်တာတစ်ခုဖြစ်တဲ့ R. Lugar Center မှာ လုပ်ဆောင်ခဲ့ကြတာပါ” ဟုဆိုသည်။

“အဲဒီစီမံကိန်းတွေကို ယူကရိန်းနိုင်ငံ နဲ့ ဂျော်ဂျီယာနိုင်ငံမှာ အကောင်အထည်ဖော်ဆောင်ဖို့ ပင်တဂွန်က စုစုပေါင်းကုန်ကျစရိတ် ဒေါ်လာ ၁.၆ သန်းကျခံခဲ့ပြီး ယူကရိန်းနိုင်ငံက အဓိကကန်ထရိုက်တာအဖြစ် လက်ခံရယူခဲ့ပါတယ်။ ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဌာနက လက်ခံရရှိခဲ့တဲ့စာရွက်စာတမ်းတွေဟာ အဲဒီဒေသမှာ သုတေသန ကို စနစ်တကျ လုပ်ဆောင်ခဲ့တာဖြစ်ပြီး စီမံကိန်းတွေဖြစ်တဲ့ P-382 , P-444 နဲ့ P-568 တို့ရဲ့မူဘောင်အောက်မှာ အမေရိကန်နိုင်ငံရဲ့ ကျွမ်းကျင်သူတွေက တိုက်ရိုက်ကြီးကြပ်ပြီး အနည်းဆုံး ၂၀၀၉ ခုနှစ်ကတည်းက အဲဒီစီမံကိန်းတွေကို လုပ်ဆောင်ခဲ့တာဖြစ်တယ်ဆိုတာကို ရည်ညွှန်းဖော်ပြနေခဲ့ပါတယ်။

အဲဒီလုပ်ဆောင်မှုတွေရဲ့ လက်သည်ထဲမှာတစ်ဦးဖြစ်တဲ့သူကတော့ ယူကရိန်းနိုင်ငံ ကိဗ်မြို့မှာရှိတဲ့ အမေရိကန်သံရုံး က Defence Threat Reduction Agency (DTRA) ရုံးအကြီးအကဲတစ်ဦးဖြစ်တဲ့ Joanna Wintrall ဖြစ်ပြီး ဂျာနယ်လစ်တွေအနေနဲ့ သူ့ကိုသွားရောက်မေးမြန်းသင့်ပါတယ်။

အဲဒီစီမံကိန်းတွေကို အကောင်အထည်ဖော်ဆောင်နေစဉ်အတွင်းမှာ (ကိုရိုနာဗိုင်းရပ်စ်အပါအဝင်) ဗိုင်းရပ်စ်မျိုးစိတ်ပေါင်း ၆ ခု နဲ့ သေစေနိုင်တဲ့ ဘက်တီးရီးယား ၃မျိုး (ပလိပ်ရောဂါပိုး၊ brucellosis ရောဂါပိုးနဲ့၊ leptospirosis လို့ခေါ်တဲ့ တိရစ္ဆာန် က တစ်ဆင့်ကူးစက်တဲ့ရောဂါပိုး) တို့ကို တွေ့ရှိခဲ့ရပါတယ်။

အဲဒီ ရောဂါပိုးတွေရဲ့ အဓိက လက္ခဏာတွေအရ သူတို့ဟာ ကူးစက်စေဖို့ရည်ရွယ်ချက်တွေအလိုက် ပြောင်းလဲမှုတွေဖြစ်စေတာဖြစ်ပါတယ် ။
ဥပမာအားဖြင့် ဆေးဝါးတွေ ယဉ်ပါးခြင်း၊ တိရစ္ဆာန်တွေကနေ လူသားတွေဆီကို အလျှင်အမြန်ကူးစက်နိုင်ခြင်း စတာတွေပေါ့” ဟုဆိုသည်။
Kirillov ၏ အဆိုအရ စာရွက်စာတမ်းများတွင် အစစ်အမှန် တာဝန်ရှိသူများ၏ လက်မှတ်များပါဝင်နေပြီး အဖွဲ့အစည်းများ၏ စည်းတံဆိပ်များခတ်နှိပ်ထားကြောင်း အထက်တွင်ညွှန်ပြထားခဲ့သည့် ဓါတ်ခွဲခန်းများမှ ဇီဝဗေဒ နမူနာများအား ဂျာမနီ၊ ဗြိတိန်နှင့် ဂျော်ဂျီယာနိုင်ငံများအပါအဝင်တတိယနိုင်ငံများသို့ ယူဆောင်သွားခဲ့ပြီးဖြစ်ကြောင်း သိရသည်။

တာဝန်ရှိသူက ရုရှားတပ်ဖွဲ့အနေဖြင့် သက်သေအထောက်အထားများအား ဆက်လက်လေ့လာကာ နောက်ထပ်သတင်းအချက်အလက်များအားထုတ်ပြန်သွားမည်ဟုဆိုသည်။ဆင်ဟွာသတင်းထောက်များက မော်စကိုမြို့မှ သတင်းပေးပို့ခြင်းဖြစ်သည်။ (Xinhua)

…………………….
(English Version)

GLOBALink | U.S. Pentagon finances bioresearch in Ukraine: Russian Defense Ministry
LOCATION: Moscow
The Russian Defence Ministry said on Thursday that Pentagon finances bioresearch in Ukraine after studying the materials received from employees of Ukrainian laboratories.
SOUNDBITE 1 (Russian): IGOR KIRILLOV, Head of the radiation, chemical and biological defense forces of the Russian Armed Forces
“Here is a document dated March 6, 2015, confirming the Pentagon’s direct participation in the financing of military biological projects in Ukraine.”
The disclosed 2015 documents show the U.S. Military Department-funded bio-labs in Ukraine’s Kiev, Odessa, Lviv and Kharkov, amounted to 32 million U.S. dollars, and the biolabs were chosen by the U.S.
Defence Threat Reduction Agency (DTRA) and the contractor company Black & Vitch as the executors of the UP-8 project aimed at studying the pathogens of the Congo-Crimean hemorrhagic fever, leptospirosis and hantaviruses.

SOUNDBITE 2 (Russian): IGOR KIRILLOV, Head of the radiation, chemical and biological defense forces of the Russian Armed Forces
“A study of the documents in the part of the P-781 project on the study of ways of transmitting diseases to humans through bats showed that the work was carried out on the basis of a laboratory in Kharkov together with the infamous R. Lugar Center in Tbilisi.
The total costs of the Pentagon for its implementation in Ukraine and Georgia amounted to 1.6 million dollars, most of which was received by Ukraine as the main contractor.
The documents received by the Russian Ministry of Defence indicate that research in this area is systematic and has been conducted since at least 2009 under the direct supervision of specialists from the United States within the framework of projects P-382, P-444 and P-568.

One of the curators of this activity was the head of the Defence Threat Reduction Agency (DTRA) office at the U.S. Embassy in Kiev, Joanna Wintrall. Maybe journalists should talk to her?
During the implementation of these projects, six families of viruses (including coronaviruses) and three types of pathogenic bacteria (pathogens of plague, brucellosis and leptospirosis) were identified.
This is due to the main characteristics of these pathogens that make them favorable for the purposes of infection: resistance to drugs, rapid speed of spread from animals to humans, etc.”
According to Kirillov, the documents have the signatures of real officials and are certified by the seals of organizations, and some bio-samples from the aforementioned labs were taken into a third country, including Germany, Britain and Georgia.

The official said the Russian force would continue to study the evidence and release more information.

Xinhua News Agency correspondents reporting from Moscow.
(XHTV)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.